၂၀၂၀ ထဲမှာ အမြင့်ပိုင်းဟန်းဆက်ဈေးကွက်ကို ပြန်လှည့်ကြည့်လာတဲ့ Motorola ဟာ Edge စီးရီးအတွက် ဈေးပိုသက်သာမယ့် Lite ဗားရှင်းကို ထုတ်လုပ်လာဦးမှာဖြစ်ပြီး FCC အတည်ပြုချက်စာရင်းမှာ မော်ဒယ်နံပါတ် XT2075-3 နဲ့ ဟန်းဆက်ဟာ Moto Edge Lite ဗားရှင်းလို့ သတင်းထွက်လာခဲ့ပါတယ်။

Moto Edge Lite လို့ ယူဆရတဲ့ အဆိုပါဖုန်းဟာ 4,700 mAh ဘက္ထရီကြီး ပါဝင်လာပြီး 5G နက်ဝပ်လည်း အသုံးပြုနိုင်မှာပါ။ အတွင်းမှာ Snapdragon 765G ချစ်ပ်ဆက်ကို 6/128 GB မန်မိုရီအတွဲနဲ့ ဖြစ်ပါတယ်။

Spec အပြည့်အစုံကို မဖော်ပြထားတာကြောင့် ကျန်သေးတဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ အခြား သတင်းတစ်ခုကတော့ ဒီဖုန်းရဲ့ လျှို့ဝှက်အမည်ကို “Nairobi” လို့ပေးထားပြီး Android 10 OS နဲ့အသုံးပြုရမယ်လို့ ဆိုပါတယ်။

Motorola Edge စီးရီးကတော့ 6.7” OLED Display ကိုမှ 90Hz Refresh Rate နဲ့ဖြစ်ပါတယ်။ Punch-hole စတိုင် ဆဲလ်ဖီးကင်မရာကတော့ 25MP Sensor ပါ။ နောက်ဘက်မှာ ကင်မရာ Lens သုံးခုကို 3D TOF Sensor နဲ့ တွဲဖက်ထားတယ်။ Flagship လယ်ဗယ် Edge+ မှာတော့ Snapdragon 865 အသုံးပြုထားပြီး ရိုးရိုး Edge မှာ Snapdragon 765G ပဲ သုံးစွဲထားပါတယ်။

Ref – GSMArena