Moto G 5G Plus ဟာ Motorola ရဲ့ Mid-range စမတ်ဖုန်း ဖြစ်ပြီး ဒေါ်လာ ၄၀၀ အောက် ရှိပါတယ်။ အခုတော့ Moto G 5G Plus ကို တခြားနိုင်ငံတွေမှာ မတူညီတဲ့နာမည်တွေနဲ့ ရောင်းချမယ်လို့ သတင်းထွက်လာပြီး ဥရောပမှာ ရောင်းတဲ့ မော်ဒယ်ဟာ XT2075-3 ဖြစ်ပါတယ်။

အမေရိကန်နဲ့ ဥရောပ ပြင်ပမှာ Motorola Edge Lite နာမည်နဲ့ ရောင်းမှာ ဖြစ်ပြီး မော်ဒယ်နံပါတ်က XT2075-2 ဖြစ်ပါတယ်။ မူလ Moto G 5G Plus မော်ဒယ်အတိုင်း တူညီတဲ့ Charging Adapter (MC-201) နဲ့ ဘက်ထရီ (MZ50) တွေ ပါလာမှာ ဖြစ်ပြီး 5000mAh ဘက်ထရီကို အားသွင်းပေးဖို့ Adapter က 20W Output ကို ထုတ်လုပ်ပေးနိုင်ပါတယ်။

Evan Blass က အမေရိကန်မှာ Motorola One 5G နာမည်နဲ့ ရောင်းချမှာ ဖြစ်ပြီး AT&T ကနေ ဝယ်ယူနိုင်မယ်လို့ ပြောပါတယ်။ Moto G 5G Plus မှာ Snapdragon 765 Chipset မောင်းနှင်ထားပြီး sub-6 GHz 5G ကွန်ရက် ထောက်ပံ့ထားပါတယ်။ ၆.၇ လက်မ 90Hz LCD မျက်နှာပြင်နဲ့ အရွယ်ကြီး 5000mAh ဘက်ထရီ ထည့်ထားပြီး အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 5MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ပါပါတယ်။ NFC ၊ နားကြပ်ပေါက်တွေ တပ်ဆင်ထားပြီး အနောက်ဘက်မှာလက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

Ref : gsmarena