Motorola က Moto G Pure ကို ကြေညာလိုက်ပြီး G Series ထဲမှာ ဈေးအချိုဆုံး ဖြစ်ပါတယ်။ အမေရိကန်မှာ ဒေါ်လာ ၁၆၀ (၃၁၄,၀၀၀ ကျပ်) သတ်မှတ်ထားပြီး ဒေါ်လာ ၁၇၀ တန် G Play ထက်တောင် ဈေးသက်သာပါတယ်။ Moto G Pure မှာ Helio G25 Chipset မောင်းနှင်ထားပြီး ၆.၅ လက်မ Max Vision HD+ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ တန်ဖိုးနည်း ဖုန်းတွေထဲမှာ ဒီလို အရွယ်ကြီး မျက်နှာပြင်ပါတာ ရှားပါတယ်။

Moto G Pure camera

3GB RAM နဲ့ 32GB Storage ထည့်သွင်းထားပြီး 512GB microSD Card စိုက်နိုင်ပါတယ်။ အရွယ်သေး Notch မှာ 5MP ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး အနောက်ဘက်မှာ 13MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး ပါပါတယ်။ Portrait Mode , Smart Composition နဲ့ Spot Color ကင်မရာ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။

Moto G Pure unveiled: a $160 phone with a 6.5'' HD+ display and a Helio G25 chipset

အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပြီး Face Unlock လည်း သုံးနိုင်ပါတယ်။ ပလတ်စတစ်ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး 4,000mAh ဘက်ထရီက တစ်ခါအားသွင်းထားရင် ၂ ရက် အသုံးခံတယ်လို့ Motorola က ပြောပါတယ်။ ဘူးထဲမှာ 10W Charger ထည့်သွင်းထားပါတယ်။

Moto G Pure မှာ IP52 စံနှုန်း ပါတဲ့အတွက် ရေစက်ရေပေါက်တွေ စိုတာ ခံနိုင်ပါတယ်။ အောက်ခြေမှာ USB C Port နဲ့ Audio Jack တပ်ဆင်ထားပြီး Bluetooth 5.0 , Dual Band WiFi ဆက်သွယ်မှုတွေ ပါပါတယ်။ ဒါပေမယ့် NFC မပါလာပါဘူး။ Android 11 အခြေပြု My UX မောင်းနှင်ထားပြီး Three Finger Screenshot , Flip for DND , Lift to Unlock စတဲ့ အသုံးဝင် လုပ်ဆောင်ချက်တွေ ပါပါတယ်။

Moto G Pure အတွက် Deep Indigo ၁ ရောင်ထဲ ထုတ်လုပ်ထားပြီး လာမယ့် ၁ ပတ်မှာ Motorola.com ကနေ ရောင်းချမှာ ဖြစ်ပါတယ်။

Ref  : gizmochina