နောက်ထွက်မယ့် Moto G22 ရဲ့ သတင်းအချက်အလက်တွေ ပြီးခဲ့တဲ့ လက ပထမဆုံး ပေါက်ကြားထွက်ပေါ်လာခဲ့ပြီး MediaTek Helio P35 SoC မောင်းနှင်ထားမယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒါပေမယ့် အခု ထွက်လာတဲ့ သတင်းအရ Moto G22 မှာ Helio G37 SoC ထည့်သွင်းထားမယ်လို့ သတင်းထွက်လာပါတယ်။

Moto G22 has leaked specs ahead of launch

အဲဒီ စမတ်ဖုန်းမှာ 5G ဆက်သွယ်မှု ပါလာမှာ မဟုတ်ပါဘူး။ Moto G22 မှာ ၆.၅ လက်မ 720×1600 90Hz IPS LCD ထိတွေ့မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ 50MP Main , 8MP 118 Degree Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး ပါလာမှာ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပြီး မျက်နှာပြင် အထက် အလယ်က Punch Hole မှာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

Evleaks က Moto G22 ရဲ့ ဓါတ်ပုံကို မျှဝေထားပြီး လျှို့ဝှက်နာမည်က “Hawaii+” ဖြစ်ပါတယ်။ ပေါက်ကြားနေတဲ့ သတင်းအရ Moto G22 မှာ 5,000mAh ဘက်ထရီ ထည့်သွင်းထားမှာ ဖြစ်ပြီး 4GB RAM နဲ့ 64GB Storage ပါလာမှာ ဖြစ်ပါတယ်။

ယူရို ၂၀၀ ဝန်းကျင်နဲ့ ရောင်းချနိုင်ပြီး လက်ရှိပေါက်ဈေးအရ မြန်မာငွေနဲ့တွက်ရင် ၄၀၀,၀၀၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ ၁၈၅ ဂရမ် အလေးချိန်ရှိပြီး Android 12 မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ White , Iceberg Blue နဲ့ Cosmic Black အရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး ကြေညာမယ့် အချိန်ကို မသိရသေးပါဘူး။ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း မိတ်ဆက်နိုင်ပါတယ်။

Ref : gsmarena