[Zawgyi]

ၿပီးခဲ့တဲ့ တစ္ပါတ္ကပဲ Motorola Brazilian Website ရဲ႕မွားယြင္းမႈေၾကာင့္ Moto G7 Line Up နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို သိခြင့္ရခဲ့ပါတယ္။ အခုလို မိတ္ဆက္ဖို႔ သိပ္မလိုေတာ့တဲ့အခ်ိန္မွာ Moto G7 Plus ရဲ႕ Hands-on ဓါတ္ပုံေတြက ထပ္ၿပီးေပါက္ၾကားလာျပန္ပါတယ္။

Moto G7 Plus ရဲ႕ Hands-on ပုံေတြေပါက္ၾကားလာတာကေတာ့ ကုမၸဏီအေနနဲ႔ သူတို႔ရဲ႕ ထုတ္ကုန္နဲ႔ပတ္သက္ၿပီး လွ်ိဳ႕ဝွက္ခ်က္ေပါက္ၾကားမွာမ်ိဳးကို သိပ္ဂ႐ုမစိုက္ဘူးလားလို႔ ေမးခြန္းထုတ္စရာပါ။ သာမန္ေပါက္ၾကားျခင္းမ်ိဳးမဟုတ္ဘဲ Hands-on ပုံစံေပါက္ၾကားတာဆိုေပမယ့္ ပထမတစ္ေခါက္ ေပါက္ၾကားထားတဲ့အခ်က္အလက္ေတြေၾကာင့္ အမ်ားႀကီးေတာ့ ရင္ခုန္စရာ မေကာင္းေတာ့တာ အမွန္ပါ။

အားလုံးသိထားၾကတဲ့အတိုင္းပါပဲ။ Moto G7 Plus ဟာ 6.24-inch မ်က္ႏွာျပင္ 1080 x 2270 pixel resolution နဲ႔ပါ။ သူ႔ရဲ႕ Waterdrop notch ကိုေတာ့ အခုေပါက္ၾကားလာတဲ့ ပုံမွာ ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ Snapdragon 636 SoC, 4GB RAM နဲ႔ 64GB Storage ဆိုတဲ့အခ်က္အလက္ေတြကိုေတာ့ ဓါတ္ပုံနဲ႔ အတည္ျပဳလို႔မရေသးေပမယ့္ တရားဝင္မိတ္ဆက္ရင္လည္း ဒီအတိုင္းပဲျဖစ္မယ္လို႔ ယုံၾကည္ရပါတယ္။

မ်က္ႏွာျပင္မွာေတာ့ Waterdrop ပုံစံ Notch က ေမွ်ာ္မွန္းထားသေလာက္ မေသးငယ္ဘူးလို႔ ဆိုရမွာပါ။ Notch ထဲမွာေတာ့ 8MP (f/2.2) Selfie ကင္မရာ တပ္ဆင္ေပးထားပါတယ္။ ေက်ာဘက္မွာေတာ့ ကင္မရာႏွစ္လုံးတပ္ဆင္ေပးထားတာကို ေတြ႕ရမွာပါ။ ပထမေပါက္ၾကားမႈအတိုင္းေျပာရမယ္ဆိုရင္ေတာ့ 16MP (f/1.7) နဲ႔ 5MP ကင္မရာ ေတြျဖစ္ပါလိမ့္မယ္။

USB-C port အမ်ိဳးအစားကို ေတြ႕ျမင္ရတဲ့အတြက္ Moto G7 Plus ဟာ Fast Charging စနစ္ကို ေထာက္ပံ့ေပးထားမယ္လို႔ ယူဆရပါတယ္။ ဒါေၾကာင့္ သူ႔ရဲ႕ 3,000 mAh ဘက္ထရီအတြက္ အေထာက္အကူေကာင္း ျဖစ္လာပါလိမ့္မယ္။ ေနာက္ဆုံးသိရတာက Moto G7 Plus ဟာ €210 ပဲျဖစ္တာေၾကာင့္ ျမန္မာေငြနဲ႔ဆိုရင္ (၃ သိန္း ၆ ေသာင္း ဝန္းက်င္ပဲ ျဖစ္ပါတယ္။)

Ref: GSMArena

[Unicode]

Moto G7 Plus ရုပ်ပုံများ ပေါက်ကြားလာ

ပြီးခဲ့တဲ့ တစ်ပါတ်ကပဲ Motorola Brazilian Website ရဲ့မှားယွင်းမှုကြောင့် Moto G7 Line Up နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သိခွင့်ရခဲ့ပါတယ်။ အခုလို မိတ်ဆက်ဖို့ သိပ်မလိုတော့တဲ့အချိန်မှာ Moto G7 Plus ရဲ့ Hands-on ဓါတ်ပုံတွေက ထပ်ပြီးပေါက်ကြားလာပြန်ပါတယ်။

Moto G7 Plus ရဲ့ Hands-on ပုံတွေပေါက်ကြားလာတာကတော့ ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ ထုတ်ကုန်နဲ့ပတ်သက်ပြီး လျှို့ဝှက်ချက်ပေါက်ကြားမှာမျိုးကို သိပ်ဂရုမစိုက်ဘူးလားလို့ မေးခွန်းထုတ်စရာပါ။ သာမန်ပေါက်ကြားခြင်းမျိုးမဟုတ်ဘဲ Hands-on ပုံစံပေါက်ကြားတာဆိုပေမယ့် ပထမတစ်ခေါက် ပေါက်ကြားထားတဲ့အချက်အလက်တွေကြောင့် အများကြီးတော့ ရင်ခုန်စရာ မကောင်းတော့တာ အမှန်ပါ။

အားလုံးသိထားကြတဲ့အတိုင်းပါပဲ။ Moto G7 Plus ဟာ 6.24-inch မျက်နှာပြင် 1080 x 2270 pixel resolution နဲ့ပါ။ သူ့ရဲ့ Waterdrop notch ကိုတော့ အခုပေါက်ကြားလာတဲ့ ပုံမှာ ရှင်းရှင်းလင်းလင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Snapdragon 636 SoC, 4GB RAM နဲ့ 64GB Storage ဆိုတဲ့အချက်အလက်တွေကိုတော့ ဓါတ်ပုံနဲ့ အတည်ပြုလို့မရသေးပေမယ့် တရားဝင်မိတ်ဆက်ရင်လည်း ဒီအတိုင်းပဲဖြစ်မယ်လို့ ယုံကြည်ရပါတယ်။

မျက်နှာပြင်မှာတော့ Waterdrop ပုံစံ Notch က မျှော်မှန်းထားသလောက် မသေးငယ်ဘူးလို့ ဆိုရမှာပါ။ Notch ထဲမှာတော့ 8MP (f/2.2) Selfie ကင်မရာ တပ်ဆင်ပေးထားပါတယ်။ ကျောဘက်မှာတော့ ကင်မရာနှစ်လုံးတပ်ဆင်ပေးထားတာကို တွေ့ရမှာပါ။ ပထမပေါက်ကြားမှုအတိုင်းပြောရမယ်ဆိုရင်တော့ 16MP (f/1.7) နဲ့ 5MP ကင်မရာ တွေဖြစ်ပါလိမ့်မယ်။

USB-C port အမျိုးအစားကို တွေ့မြင်ရတဲ့အတွက် Moto G7 Plus ဟာ Fast Charging စနစ်ကို ထောက်ပံ့ပေးထားမယ်လို့ ယူဆရပါတယ်။ ဒါကြောင့် သူ့ရဲ့ 3,000 mAh ဘက်ထရီအတွက် အထောက်အကူကောင်း ဖြစ်လာပါလိမ့်မယ်။ နောက်ဆုံးသိရတာက Moto G7 Plus ဟာ €210 ပဲဖြစ်တာကြောင့် မြန်မာငွေနဲ့ဆိုရင် (၃ သိန်း ၆ သောင်း ဝန်းကျင်ပဲ ဖြစ်ပါတယ်။)

Ref: GSMArena