Zawgyi

Motorola One Zoom ဟန္းဆက္ဟာ ေရွ႕မွာလည္း Leak အနည္းငယ္ထြက္ေပၚခဲ့တာေၾကာင့္ ဘယ္လိုပုံစံမ်ဳိးလဲဆုိတာ သိထားၾကပါတယ္။ ဒါေပမယ့္ အခုတစ္ႀကိမ္မွာ Specs အေသးစိတ္ထြက္ေပၚလာခဲ့ၿပီး ေစာင့္ေမွ်ာ္ေနတဲ့ ပရိသတ္ေတြအတြက္ အကုန္အစင္သိခြင့္ရလိုက္ပါၿပီ။

One Zoom မွာ Snapdragon 675 ခ်စ္ပ္ဆက္အသုံးျပဳလာၿပီး 4GB RAM နဲ႔တြဲဖက္လာပါတယ္။ Storage ကေတာ့ 128GB ျဖစ္ၿပီး Android Pie တစ္ပါတည္း အသုံးျပဳႏုိင္မွာပါ။ ဒါေပမယ့္ Android One အစီအစဥ္ထဲ အပါအဝင္မဟုတ္ဘဲ Alexa စနစ္ကိုလည္း ပီပီျပင္ျပင္အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။

ေရွ႕ဘက္မွာေတာ့ 6.4” လက္မအရြယ္ 19:9 FHD+ Super AMOLED Display တစ္ခုပါဝင္ၿပီး Fingerprint ကိုလည္း In-display ပဲအသုံးျပဳလာတယ္။ ေသးငယ္တဲ့ Notch ေလးထဲမွာ 25MP f/2.0 Selfie ကင္မရာတစ္လုံးပါဝင္ပါတယ္။

ေနာက္ေက်ာမွာ သူ႕ရဲ႕အဓိကဆြဲေဆာင္မႈတစ္ခုျဖစ္တဲ့ Quad-camera ဟာ 48MP Sensor ကို အဓိက ကင္မရာအျဖစ္ အသုံးျပဳလာၿပီး 4K ဗီဒီယိုေတြကို 30FPS ၊ 1080p ဆုိရင္ 60FPS နဲ႔ ရုိက္ကူးႏုိင္မွာျဖစ္တယ္။ 48MP ကုိအေဖာ္ျပဳေပးမွာကေတာ့ 16MP Ultra-wide နဲ႔ 8MP Telephoto တုိ႔ျဖစ္ၿပီး 3x နဲ႔ 5x Hybrid Zoom ရုိက္ကူးႏုိင္စြမ္းေတြ အသီးသီးပါဝင္ပါတယ္။ ေလးခုေျမာက္ကေတာ့ ထုံးစံအတုိင္း Depth Sensor ပါ။

Moto One Zoom ဟာ အေလးခ်ိန္ ၁၉၀ ဂရမ္ရွိၿပီး 4,000 mAh ဘကၳရီကို 18W အားအျမန္သြင္းစနစ္နဲ႔ ျဖစ္ပါတယ္။ One Zoom ဟန္းဆက္ရဲ႕တန္ဖိုးကေတာ့ ယူရုိ ၃၉၉ (ျမန္မာေငြ ၆.၇ သိန္းခန္႔) က်သင့္မွာျဖစ္ၿပီး Android One ဗားရွင္းကိုေတာ့ One Pro အမည္နဲ႔ ေရာင္းခ်လာမယ္လို႔ ခန္႔မွန္းရပါတယ္။

Ref – GSM Arena

Unicode

Motorola One Zoom ဟန်းဆက်ဟာ ရှေ့မှာလည်း Leak အနည်းငယ်ထွက်ပေါ်ခဲ့တာကြောင့် ဘယ်လိုပုံစံမျိုးလဲဆိုတာ သိထားကြပါတယ်။ ဒါပေမယ့် အခုတစ်ကြိမ်မှာ Specs အသေးစိတ်ထွက်ပေါ်လာခဲ့ပြီး စောင့်မျှော်နေတဲ့ ပရိသတ်တွေအတွက် အကုန်အစင်သိခွင့်ရလိုက်ပါပြီ။

One Zoom မှာ Snapdragon 675 ချစ်ပ်ဆက်အသုံးပြုလာပြီး 4GB RAM နဲ့တွဲဖက်လာပါတယ်။ Storage ကတော့ 128GB ဖြစ်ပြီး Android Pie တစ်ပါတည်း အသုံးပြုနိုင်မှာပါ။ ဒါပေမယ့် Android One အစီအစဉ်ထဲ အပါအဝင်မဟုတ်ဘဲ Alexa စနစ်ကိုလည်း ပီပီပြင်ပြင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ရှေ့ဘက်မှာတော့ 6.4” လက်မအရွယ် 19:9 FHD+ Super AMOLED Display တစ်ခုပါဝင်ပြီး Fingerprint ကိုလည်း In-display ပဲအသုံးပြုလာတယ်။ သေးငယ်တဲ့ Notch လေးထဲမှာ 25MP f/2.0 Selfie ကင်မရာတစ်လုံးပါဝင်ပါတယ်။

နောက်ကျောမှာ သူ့ရဲ့အဓိကဆွဲဆောင်မှုတစ်ခုဖြစ်တဲ့ Quad-camera ဟာ 48MP Sensor ကို အဓိက ကင်မရာအဖြစ် အသုံးပြုလာပြီး 4K ဗီဒီယိုတွေကို 30FPS ၊ 1080p ဆိုရင် 60FPS နဲ့ ရိုက်ကူးနိုင်မှာဖြစ်တယ်။ 48MP ကိုအဖော်ပြုပေးမှာကတော့ 16MP Ultra-wide နဲ့ 8MP Telephoto တို့ဖြစ်ပြီး 3x နဲ့ 5x Hybrid Zoom ရိုက်ကူးနိုင်စွမ်းတွေ အသီးသီးပါဝင်ပါတယ်။ လေးခုမြောက်ကတော့ ထုံးစံအတိုင်း Depth Sensor ပါ။

Moto One Zoom ဟာ အလေးချိန် ၁၉၀ ဂရမ်ရှိပြီး 4,000 mAh ဘက္ထရီကို 18W အားအမြန်သွင်းစနစ်နဲ့ ဖြစ်ပါတယ်။ One Zoom ဟန်းဆက်ရဲ့တန်ဖိုးကတော့ ယူရို ၃၉၉ (မြန်မာငွေ ၆.၇ သိန်းခန့်) ကျသင့်မှာဖြစ်ပြီး Android One ဗားရှင်းကိုတော့ One Pro အမည်နဲ့ ရောင်းချလာမယ်လို့ ခန့်မှန်းရပါတယ်။

Ref – GSM Arena