[Zawgyi]





Ref : fonearena

[Unicode]

Motorola 75-inch 4K LED Smart Android TV ကို အိန္ဒိယမှာ ရောင်းပြီ

Motorola က အိန္ဒိယမှာ ပြီးခဲ့တဲ့ လက Smart Android TV တွေကို ရောင်းချပေးခဲ့ပါတယ်။ 32-inch HD, 43-inch FHD, 43-inch, 50-inch, 55-inch နဲ့ 65-inch 4K Display အရွယ်အစားတွေ ဖြစ်ပါတယ်။ အခုတော့ ကုမ္ပဏီက Wireless Gamepad ပါတဲ့ 75-inch 4K LED Smart Android TV ကို ရောင်းချပေးလိုက်ပါတယ်။

Motorola ရဲ့ နောက်ဆုံးထုတ် TV (75SAUHDM) မှာ ၇၅ လက်မ 4K IPS Display ထည့်သွင်းထားပြီး 3840 x 2160 Pixels ဖြစ်ပါတယ်။ Dolby Vision + HDR 10 , 450 Nits Of Brightness, 178-Degree Viewing Angle နဲ့ 60Hz Refresh Rate တွေ ပံ့ပိုးထားပါတယ်။ 1 GHz CA53 Quad-Core CPU, Mali450 Quad-Core GPU , 2.25GB RAM နဲ့ 16GB Internal Storage တွေထည့်သွင်းထားပါတယ်။

Android 9 Pie မောင်းနှင်ထားပြီး NetFlix, YouTube, Hotstar, Amazon Prime Video နဲ့ Google Apps တွေကို ထောက်ပံ့ပါတယ်။ Play Store ထည့်သွင်းထားပြီး Compatible Apps တွေကို ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ အောက်ခြေမှာ စပီကာ ၂ လုံး တပ်ဆင်ထားပြီး 30W Output ကို ထုတ်လုပ်ပေးပါတယ်။ Dolby Audio , DTS Trusurround တွေကို ထောက်ပံ့ပေးပြီး Standard, Music, Sport နဲ့ Movie စတဲ့ Sound Modes တွေ ပါပါတယ်။

NetFlix, Google Play, YouTube, Google Assistant တွေအတွက် Hotkeys တွေ ပါတဲ့ Smart Remote ပါလာပါတယ်။ Chromecast Feature ထည့်သွင်းထားပြီး ဆက်သွယ်မှု အပိုင်းမှာ HDMI Port ၃ ခု၊ USB Port ၂ ခု ၊ Digital Audio Output ၁ ခု၊ RF Connectivity Input ၁ ခုနဲ့ Wireless Android TV GamePad ၁ ခု ထည့်သွင်းထားပါတယ်။ ရူပီး ၁၁၉,၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၂၅ သိန်းလောက်ရှိပါတယ်။

Ref : fonearena