Motorola က စွမ်းရည်သင့် Moto G9 Power ကို ချပြလိုက်ပြီး Power လို့ နာမည်ပေးထားတာက 6,000mAh ဘက်ထရီကြောင့် ဖြစ်ပါတယ်။ အရင်ကတော့ Motorola ဟာ G9 Series ထဲမှာ Moto G9 , Moto G9 Plus နဲ့ Moto G9 Play တို့ကို ကြေညာထားပြီးပါပြီ။

Motorola announces moto g9 power and moto g 5G

Moto G9 Power မှာ ၆.၈ လက်မ HD+ LCD IPS မျက်နှာပြင်ပါလာပြီး 16MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 64MP Main , 2MP Macro နဲ့ 2MP Depth ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။ Moto Logo အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

Moto G9 Power packs a 64MP primary camera and 6,000mAh battery

Snapdragon 662 Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ 128GB Storage ပါလာတဲ့အပြင် 512GB microSD Card စိုက်နိုင်တဲ့အတွက် ဒေတာတွေ ရှယ်သိမ်းနိုင်ပါတယ်။ Android 10 အခြေပြု Motorola My UX မောင်းနှင်ထားပြီး ဘက်ထရီက အကြမ်းစား 6,000mAh ဖြစ်ပါတယ်။ USB-C Port နဲ့ 20W Charging တွေ ထောက်ပံ့ထားပါတယ်။ ကုမ္ပဏီက နာရီ ၆၀ တောင် အသုံးခံတယ်လို့ ပြောတဲ့အတွက် ၃ ရက်လောက်မှ တစ်ခါ အားသွင်းနိုင်ပါတယ်။

ဆက်သွယ်မှု အကြောင်း ပြောရရင် Wi-Fi 802.11 ac, Bluetooth v5, NFC, USB Type-C, 3.5mm Audio Jack နဲ့ 4G LTE တွေ ထောက်ပံ့ထားပါတယ်။ ဥရောပမှာ ၂၀၀ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်းလောက် ကျသင့်မှာပါ။ Electic Violet နဲ့ Metallic Sage ၂ ရောင် ထုတ်လုပ်ထားပြီး လက်တင် အမေရိက၊ အရှေ့ အလယ်ပိုင်းနဲ့ အာရှ နိုင်ငံတွေမှာ ရောင်းမှာပါ။

Ref : gsmarena