Motorola ဟာ တရုတ်မှာ Edge X30 ကို ကြေညာထားပြီး နိုင်ငံတကာမှာ Edge 30 Ultra နာမည်နဲ့ ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီဖုန်းဟာ Qualcomm Snapdragon 8 Gen 1 ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ အခုတော့ Motorola ဟာ နောက်ထပ် စွမ်းရည်မြင့် ဖုန်း ၁ လုံးကို ဖန်တီးနေတဲ့ သတင်းထွက်လာပါတယ်။ Moto Edge 30 Pro လို့ နာမည်ပေးထားပြီး Geekbench Website ကို ရောက်လာပါပြီ။

Motorola Edge 30 Ultra X30 Pro

Geekbench မှာ အဲဒီ စမတ်ဖုန်းရဲ့ အဓိက Specs တွေကို ဖော်ပြထားပြီး Snapdragon 8 Gen 1 SoC မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ SoC မှာ စွမ်းရည်မြင့် 2.5GHz Core ၃ လုံးနဲ့ စွမ်းအင်စားသုံးမှု သက်သာစေတဲ့ 1.79GHz Core ၄ လုံး ထည့်သွင်းထားပါတယ်။ Adreno 730 GPU နဲ့ 12GB RAM ထည့်သွင်းထားမှာ ဖြစ်ပြီး 256GB Internal Storage ပါလာမှာပါ။

Geekbench က စာရင်းအရ Android 12 OS မောင်းနှင်ထားမှာ ဖြစ်ပြီး MyUX နဲ့ အုပ်ထားနိုင်ပါတယ်။ Geekbench ရဲ့ Single-core နဲ့ Multi-core ရမှတ်တွေက ၁၁၇၂ နဲ့ ၃၃၀၂ မှတ် အသီးသီး ဖြစ်ပါတယ်။

Motorola က 8GB RAM Version ကိုလည်း ထုတ်လုပ်ရောင်းချနိုင်ပြီး အဲဒီ မော်ဒယ်မှာ 128GB နဲ့ 256GB Internal Storage တွေ ထည့်သွင်းထားနိုင်ပါတယ်။ Geekbench မှာ အဲဒီ ဖုန်းရဲ့ တခြား Specs တွေကို မဖော်ပြထားသေးပါဘူး။ တချို့ Specs တွေဟာ Ultra မော်ဒယ်နဲ့ တူညီနိုင်ပြီး 50MP သို့မဟုတ် 108MP ကင်မရာတွေ ထည့်သွင်းထားနိုင်ပါတယ်။ 68W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာနိုင်ပါတယ်။

Ref : mysmartprice