အိန္ဒိယမှာ Motorola Edge+ ကို  မေလ ၁၉ ရက်နေ့ ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီမှာ ကြေညာမှာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ နာမည်ကျော် Flipkart အွန်လိုင်းစတိုးက ဒီသတင်းကို မျှဝေလိုက်တာ ဖြစ်ပြီး စတိုးမှာ အဲဒီ စွမ်းရည်မြင့် ဖုန်းအတွက် Promo Page ကို လွှင့်တင်ထားပါတယ်။

Motorola က အချိန်တော်တော်ကြာပြီးမှ စွမ်းရည်မြင့် စမတ်ဖုန်းကို ပြန်ထုတ်တာ ဖြစ်ပြီး  Edge+ မှာ Snapdragon 865 SoC , 12GB RAM နဲ့ 256GB Storage တွေ ထည့်ထားပါတယ်။ 5G ဆက်သွယ်မှုပါလာပြီး Android 10 မောင်းနှင်ထားပါတယ်။ ၆.၇ လက်မ FullHD+ Endless Edge မျက်နှာပြင် ထည့်သွင်းထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ထားပါတယ်။ မျက်နှာပြင် ဘယ်ဘက်အထက်နားမှာ 25MP ဆဲလ်ဖီး ကင်မရာ ပါလာပါတယ်။

အနောက်ဘက်မှာ 108MP Main , 8MP Telephoto , 16MP Ultrawide နဲ့ 3D ToF ကင်မရာတွေ ထည့်ထားပြီး Telephoto က 3x Optical Zoom ကို ထောက်ပံ့ထားပါတယ်။ Ultrawide ကို Macro ကင်မရာလိုပါ သုံးနိုင်ပါတယ်။ 18W Wired Charging နဲ့ 15W Wireless Charging ပါတဲ့ 5,000mAh ဘက်ထရီ ပါလာပါတယ်။ တခြား ဖုန်းတွေကို 5W Wireless Charging နဲ့ အားသွင်းပေးနိုင်ပါတယ်။

Ref : gsmarena