Motorola နောက်ထုတ်မယ့် စွမ်းရည်မြင့် စမတ်ဖုန်းရဲ့ သတင်းတွေ ထွက်နေပါတယ်။ Motorola Edge+ လို့ နာမည်ပေးထားမှာ ဖြစ်ပြီး Dual-curved မျက်နှာပြင်၊ 108MP ကင်မရာနဲ့ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံကိရိယာတွေ ပါမယ်လို့ ထင်ပါတယ်။ အခုတော့ FCC ကနေ အဲဒီ စမတ်ဖုန်းရဲ့ လိုဂို ထွက်ပေါ်လာပါတယ်။

FCC မှာ စမတ်ဖုန်းရဲ့ ဓါတ်ပုံကိုလည်း ပြသထားပြီး အန်တင်နာ တပ်ဆင်ထားတဲ့ နေရာကို သိလာရပါပြီ။ အဲဒီ စမတ်ဖုန်းမှာ mmWave 5G Support ထည့်သွင်းထားမယ်ဆိုတာ သေချာသွားပြီ ဖြစ်ပြီး အမေရိကန်မှာ Verizon Carrier ကနေ ရောင်းချနိုင်ပါတယ်။

FCC မှာ စာရင်းတင်လိုက်တဲ့အတွက် Motorola Edge+ ကို မကြာခင်မှာ ရောင်းချနိုင်ပြီး Verizon နဲ့ Motorola တို့ကတော့ အဲဒီ ဖုန်းနဲ့ ပတ်သက်လို့ ဘာမှ မပြောသေးပါဘူး။ Motorola Edge+ မှာ အရွယ်ကြီး 5,000mAh ဘက်ထရီနဲ့ ၆.၆၇ လက်မ FHD+ မျက်နှာပြင် ပါလာမယ်လို့ ထင်ပါတယ်။ 90Hz Refresh Rate ထောက်ပံ့ထားတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှုက မြန်မှာပါ။ 12GB RAM အထိ ပါလာနိုင်ပြီး Snapdragon 865 Chipset မောင်းနှင်ထားနိုင်ပါတယ်။

Ref : gsmarena