Motorola ကနေ ဒီနှစ်မှာ Flagship ဖုန်းအသစ်ဖြစ်တဲ့ Motorola Edge+ ကို မိတ်ဆက်ဖို့ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ High End ဖုန်းတစ်လုံးဖြစ်လာမယ့် Motorola Edge ရဲ့ ဓါတ်ပုံတွေထွက်ရှိလာခဲ့ပါပြီ။

အခု Motorola Edge ဖုန်းဟာ ကိုယ်ထည်ပိုင်းအနေနဲ့ကတော့ Motorola Edge+ နဲ့တူညီမှာဖြစ်ပေမယ့် Specs အပိုင်းမှာတော့ အနည်းငယ်လျော့ထားတာဖြစ်ပါတယ်။ ယခု ဓါတ်ပုံတွေကို XDA-Developers ကနေ ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါ ဓါတ်ပုံတွေအရ Motorola Edge မှာ 6.67″ Full HD+ OLED Display ကို အသုံးပြုလာမှာဖြစ်ပါတယ်။ အဆိုပါ Display ဟာဆိုရင် Waterfall Curved Display အမျိုးအစားဖြစ်ပြီး 60Hz အပြင် 90Hz ကိုပါ ရွေးချယ်နိုင်မှာပါ။ ဒါတင်မဟုတ်သေးဘဲ Refresh Rate ကို အလိုအလျောက်သတ်မှတ်နိုင်မယ့် Auto Mode လည်းပါတင်ပါသေးတယ်။

Processor ပိုင်းအနေနဲ့ကတော့ Snapdragon 765 Processor ပါဝင်မှာဖြစ်ပြီး RAM အနေနဲ့ကတော့ 6GB ပါဝင်မှာဖြစ်ပါတယ်။ 5G Version ကိုပါ မိတ်ဆက်မလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Camera တွေအနေနဲ့ကတော့ 64MP Primary Sensor အပြင် 16MP နဲ့ 8MP Telephoto Sensor တွေကိုပါထည့်သွင်းထားမှာပါ။ Selfie Camera ကိုလည်း 25MP Sensor ကို Punch-hole Design နဲ့ထည့်ပေးထားတာကိုတွေ့ရပါတယ်။

တခြားသောအချက်တွေအနေနဲ့ကတော့ Under Display Fingerprint Sensor ၊ 3.5mm Headphone Jack ၊ MicroSD Card Slot နဲ့ 4500mAh Battery တွေပါဝင်မှာဖြစ်ပါတယ်။

Ref – GSM Arena