Zawgyi

Motorola ရဲ႕ပထမဆုံး Pop-up Selfie ကင္မရာနဲ႔ စမတ္ဖုန္းအတြက္ အခ်က္အလက္ေတြ ထပ္မံထြက္ေပၚလာခဲ့ၿပီး အဆုိပါဖုန္းကို Moto One Hyper လို႔အမည္ေပးထားကာ Android 10 နဲ႔ထြက္ရွိလာမယ္လုိ႔ ဆုိပါတယ္။

Motorola အေနနဲ႔ ထူးထူးျခားျခား Pop-up စနစ္ကိုအသုံးျပဳလာတဲ့ စမတ္ဖုန္းမွာ Selfie ကင္မရာကေတာ့ 32MP ျဖစ္ပါတယ္။ ေနာက္ဘက္ကင္မရာကလည္း 64MP Sensor တစ္ခုကို အသုံးျပဳလာၿပီး ကင္မရာအသားေပးစမတ္ဖုန္း တစ္ခုျဖစ္တဲ့ Moto One Zoom မွာေတာင္ 48MP သာ ပါဝင္ခဲ့တာပါ။ ဒါေပမယ့္ 64MP အျပင္ Depth Sensor ရုိးရိုးေလး တစ္ခုသာပါဝင္တဲ့အတြက္ Zoom ဆြဲရုိက္ကူးဖို႔ကို ဒစ္ဂ်စ္တယ္နဲ႔သာ ရရွိႏုိင္မွာျဖစ္ပါတယ္။

Moto One Hyper ရဲ႕က်န္ရွိတဲ့ အခ်က္အလက္ေတြကေတာ့ 6.39” လက္မ IPS LCD Display တစ္ခုရဲ႕ေအာက္မွာ Snapdragon 675 ခ်စ္ပ္ဆက္ကိုအသုံးျပဳထားပါတယ္။ မန္မုိရီက 4GB RAM နဲ႔ 128GB Storage ျဖစ္ၿပီး ဘကၳရီက 3,600 mAh ပါ။ ဒီဖုန္းဟာ Android One ဖုန္းဟုတ္မဟုတ္ကိုေတာ့ ေသခ်ာမသိေသးပါဘူး။ One Zoom တုန္းက Android One စမတ္ဖုန္း မဟုတ္ခဲ့ဘဲ Stock ဗားရွင္းနီးပါး Android ကုိအသုံးျပဳခဲ့ပါတယ္။

Motorola One Hyper စမတ္ဖုန္းကို ဘယ္အခ်ိန္မွာ မိတ္ဆက္မယ္ ဒါမွမဟုတ္ ဘယ္ေလာက္က်မယ္ ဆုိတာကိုေတာ့ မသိရေသးပါဘူး။ ယခင္ One Vision ဟာ ယူရုိ ၃၀၀ (ျမန္မာေငြ ငါးသိန္းေက်ာ္ေက်ာ္) က်သင့္ခဲ့ၿပီး One Zoom ကေတာ့ ယူရုိ ၄၀၀ (ျမန္မာေငြ ေျခာက္သိန္းရွစ္ေသာင္းခန္႔) နဲ႔ေရာင္းခ်ခဲ့တဲ့အတြက္ အဲဒီၾကားထဲက ေစ်းႏႈန္းတစ္ခုခု သတ္မွတ္လာမယ္လို႔ ယူဆရပါတယ္။

Ref – GSM Arena

Unicode

Motorola ရဲ့ပထမဆုံး Pop-up Selfie ကင်မရာနဲ့ စမတ်ဖုန်းအတွက် အချက်အလက်တွေ ထပ်မံထွက်ပေါ်လာခဲ့ပြီး အဆိုပါဖုန်းကို Moto One Hyper လို့အမည်ပေးထားကာ Android 10 နဲ့ထွက်ရှိလာမယ်လို့ ဆိုပါတယ်။

Motorola အနေနဲ့ ထူးထူးခြားခြား Pop-up စနစ်ကိုအသုံးပြုလာတဲ့ စမတ်ဖုန်းမှာ Selfie ကင်မရာကတော့ 32MP ဖြစ်ပါတယ်။ နောက်ဘက်ကင်မရာကလည်း 64MP Sensor တစ်ခုကို အသုံးပြုလာပြီး ကင်မရာအသားပေးစမတ်ဖုန်း တစ်ခုဖြစ်တဲ့ Moto One Zoom မှာတောင် 48MP သာ ပါဝင်ခဲ့တာပါ။ ဒါပေမယ့် 64MP အပြင် Depth Sensor ရိုးရိုးလေး တစ်ခုသာပါဝင်တဲ့အတွက် Zoom ဆွဲရိုက်ကူးဖို့ကို ဒစ်ဂျစ်တယ်နဲ့သာ ရရှိနိုင်မှာဖြစ်ပါတယ်။

Moto One Hyper ရဲ့ကျန်ရှိတဲ့ အချက်အလက်တွေကတော့ 6.39” လက်မ IPS LCD Display တစ်ခုရဲ့အောက်မှာ Snapdragon 675 ချစ်ပ်ဆက်ကိုအသုံးပြုထားပါတယ်။ မန်မိုရီက 4GB RAM နဲ့ 128GB Storage ဖြစ်ပြီး ဘက္ထရီက 3,600 mAh ပါ။ ဒီဖုန်းဟာ Android One ဖုန်းဟုတ်မဟုတ်ကိုတော့ သေချာမသိသေးပါဘူး။ One Zoom တုန်းက Android One စမတ်ဖုန်း မဟုတ်ခဲ့ဘဲ Stock ဗားရှင်းနီးပါး Android ကိုအသုံးပြုခဲ့ပါတယ်။

Motorola One Hyper စမတ်ဖုန်းကို ဘယ်အချိန်မှာ မိတ်ဆက်မယ် ဒါမှမဟုတ် ဘယ်လောက်ကျမယ် ဆိုတာကိုတော့ မသိရသေးပါဘူး။ ယခင် One Vision ဟာ ယူရို ၃၀၀ (မြန်မာငွေ ငါးသိန်းကျော်ကျော်) ကျသင့်ခဲ့ပြီး One Zoom ကတော့ ယူရို ၄၀၀ (မြန်မာငွေ ခြောက်သိန်းရှစ်သောင်းခန့်) နဲ့ရောင်းချခဲ့တဲ့အတွက် အဲဒီကြားထဲက ဈေးနှုန်းတစ်ခုခု သတ်မှတ်လာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena