Motorola China က 200MP ကင်မရာ ဖုန်းကို ဇူလိုင်လမှာ ကြေညာမယ်လို့ တရားဝင် အတည်ပြုလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ အရင်နှစ်ကတည်းက ကာလရှည်ကြာ သတင်းထွက်နေခဲ့တဲ့ Motorola Frontier စမတ်ဖုန်း ဖြစ်နိုင်ပါတယ်။ ကုမ္ပဏီက မျှဝေထားတဲ့ Teaser အသစ်မှာ 200MP ကင်မရာ ဆန်ဆာဟာ ရုပ်ပုံ အတွေ့အကြုံအတွက် စံနှုန်း အသစ် ဖြစ်မယ်လို့ ညွှန်းဆိုထားပါတယ်။

အရင်က ခန့်မှန်းချက်တွေအရ Motorola ဟာ Samsung ရဲ့ 200MP ISOCELL HP1 ဆန်ဆာကို အသုံးပြုထားမယ်လို့ ထင်ရပါတယ်။ အဲဒီ ဆန်ဆာဟာ Pixel Binning နဲ့ Deep Learning-based Remosaicing Algorithm တို့ကို အသုံးပြုကာ 12.5MP or 50MP ရုပ်သေ ဓါတ်ပုံတွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် 30fps နဲ့ 8K ဗီဒီယိုတွေကို ရိုက်ကူးပေးနိုင်ပါတယ်။

Motorola က Snapdragon 8+ Gen 1 ဖုန်းကို ဖန်တီးနေတယ်လို့ မကြာခင်က အတည်ပြုခဲ့ပြီး အဲဒီ ဖုန်းဟာ 200MP ကင်မရာ ဖုန်း ဖြစ်နိုင်ပါတယ်။

ပေါက်ကြားသတင်းအရ Motorola Frontier မှာ ၆.၆၇ လက်မ pOLED မျက်နှာပြင်၊ 144Hz Refresh Rate နဲ့ 60MP ဆဲလ်ဖီး ကင်မရာတွေ ထည့်သွင်းထားနိုင်ပါတယ်။ Snapdragon 8+ Gen 1 Chipset ကို 8/12GB RAM , 128/256GB Storage တို့နဲ့ ပူးတွဲထားနိုင်ပါတယ်။ 125W Wired Charging ပါတဲ့ 4,500mAh ဘက်ထရီ ထည့်သွင်းထားနိုင်ပြီး Wireless Charging က 30W နဲ့ 50W အတွင်း ရှိနိုင်ပါတယ်။

Ref : gsmarena