ဒီတစ်လောမှာ Motorola လို့ပြောလိုက်တာနဲ့ ခေတ်ဟောင်းခေါက်ဖုန်းစတိုင် Razr 2019 ကိုတွဲပြီး မြင်ယောင်မိကြမယ်ထင်ပါတယ်။ ဒါပေမယ့် Motorola က 90Hz “Waterfall” Display နဲ့ 5G စမတ်ဖုန်းနှစ်မျိုးကို ထပ်ပြီးမိတ်ဆက်ပေးဖို့လည်း လုပ်ဆောင်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။


အခုအချိန်ထိတော့ Motorola ရဲ့ 90Hz “Waterfall” Display နဲ့ 5G စမတ်ဖုန်းတွေအကြောင်း ဂဃနဏ မသိရသေးပါဘူး။ XDADevelopers ဆီကနေထွက်လာတဲ့ ရုပ်ပုံတွေမှာတော့ မျက်နှာပြင်ခုံးကွေးထားတဲ့ပုံစံက Huawei Mate 30 Pro ဒါမှမဟုတ် Vivo Nex 3 5G တို့လိုပုံစံမျိုးဖြစ်တာကို တွေ့မြင်ရပါတယ်။

မျက်နှာပြင်အပေါ်ဘယ်ဘက်ထောင့်မှာ Punch-hole နဲ့အတူ Selfie ကင်မရာတစ်လုံးလည်း တပ်ဆင်ထားတာကို တွေ့ရပါတယ်။ Punch-hole အရွယ်အစားကတော့ One Vision နဲ့ One Action တို့ထက် သေးငယ်တယ်လို့ ဆိုနိုင်ပါတယ်။ မျက်နှာပြင်ကတော့ 6.67-inch အရွယ်အစားဖြစ်ပြီး 1080p resolution 90Hz ဖြစ်ပါတယ်။


ဒီ Device နှစ်ခုထဲက တစ်ခုက Verizon အတွက် Motorola Edge+ ဖြစ်ဖို့ သေချာသလောက်ပါပဲ။ Snapdragon 865 chipset နဲ့ 12GB of RAM တွဲဖက်ထားတဲ့ ဒီ Flagship ဟာ ကုဒ်နာမည် “burton” နဲ့ဖြစ်ပြီး 5,169mAh ဘက်ထရီပမာဏ ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

အခြားတစ်မျိုးကတော့ “racer 5G” လို့နာမည်ပေးထားပြီး Snapdragon 735G ကို အသုံးပြုထားတဲ့ ပရီမီယံ Mid-ranger ဖြစ်တယ်လို့ သိရပါတယ်။ နာမည်အတိုင်းပဲ 5G ကွန်ရက်ချိတ်ဆက်နိုင်ဖွယ်ရှိပါတယ်။ အတွင်းသတင်းအရ ဒီဟန်းဆက်ဟာ 48MPအဓိကကင်မရာ ပါဝင်ပြီး ဘက်ထရီပမာဏ 4,660mAh ဖြစ်သလို 6GB of RAM နဲ့ 128GB သိုလှောင်မှု ပမာဏပါဝင်မယ်လို့ သိရပါတယ်။

Ref: GSM Arena