[Zawgyi]

Motorola Moto E6 Play ဟာ အရမ္းကို ေစ်းခ်ိဳတဲ့ စမတ္ဖုန္း ျဖစ္လာမွာပါ။ ေစ်းအရမ္းေပါတဲ့ အတြက္ စြမ္းရည္ျမင့္ လုပ္ေဆာင္ခ်က္ေတြ မပါဘဲ တည္ေဆာက္မႈအရည္အေသြးကလည္း သိပ္ေကာင္းမွာ မဟုတ္ပါဘူး။ အခုေတာ့ ဂ်ာမနီ ၀က္ဘ္ဆိုက္ Mobielkopen က Moto E6 Play ရဲ႕ ဓါတ္ပံုေတြကို မွ်ေ၀လိုက္ပါတယ္။

၁၄၉ ေဒၚလာတန္(၂၂၀,၀၀၀ က်ပ္၀န္းက်င္) E6 ကို ဒီႏွစ္ေႏြရာသီမွာ ေရာင္းခ်ေပးခဲ့ၿပီး Play နဲ႔ Plus Models ေတြကိုလည္း ထုတ္လုပ္ေရာင္းခ်ေပးခဲ့ပါတယ္။ အရင္ႏွစ္ကေတာ့ Standard E5 ကိုပဲ ေရာင္းခ်ေပးခဲ့တာ ျဖစ္ပါတယ္။ E6 Plus ကိုေတာ့ စက္တင္ဘာလမွာ ဥေရာပနဲ႔ ေတာင္အေမရိကမွာ ေရာင္းခ်ေပးခဲ့ပါတယ္။

အခုထြက္ေပၚလာတဲ့ ဓါတ္ပံုေတြအရ E6 Play ထြက္လာမယ္ဆုိတာ ေသခ်ာသြားပါၿပီ။ Android Central က အဲဒီ စမတ္ဖုန္းမွာ 18:9 Aspect Ratio ကို အသံုးျပဳထားမယ္လို႔ ေျပာပါတယ္။ microUSB Charging ပဲပါတာက သိပ္မမိုက္ပါဘူး။ 3.5mm Headphone Jack တပ္ဆင္ထားၿပီး E6 Plus မွာေတာ့ မထည့္သြင္းထားပါဘူး။ Android Central က Plus Model ရဲ႕ အေနာက္ကင္မရာ ၂ လံုးတပ္စနစ္ မပါတဲ့အတြက္ E6 Play ျဖစ္မွာ ပိုေသခ်ာသြားတယ္လို႔ ေျပာပါတယ္။

ဓါတ္ပံုေတြအရ E6 Play ရဲ႕ အေနာက္ဘက္ဟာ ေတာက္ေျပာင္တဲ့ ဒီဇိုင္း ျဖစ္ပါတယ္။ အနက္ေရာင္ကိုယ္ထည္ တပ္ဆင္ထားပါတယ္။ မ်က္ႏွာျပင္ရဲ႕ အထက္နဲ႔ ေအာက္က ေဘာင္ေတြ အနည္းငယ္ထူေနတာက ေခတ္မွီတဲ့ ဒီဇိုင္း မဟုတ္ပါဘူး။ ေစ်းေပါတဲ့ စမတ္ဖုန္း ကိုင္ခ်င္သူေတြအတြက္ေတာ့ ေရြးခ်ယ္စရာ ျဖစ္လာမွာပါ။

Ref : theverge

[Unicode]

Motorola ရဲ့ တန်ဖိုးနည်း Moto E6 Play ဓါတ်ပုံထွက်ပေါ်လာ

Motorola Moto E6 Play ဟာ အရမ်းကို ဈေးချိုတဲ့ စမတ်ဖုန်း ဖြစ်လာမှာပါ။ ဈေးအရမ်းပေါတဲ့ အတွက် စွမ်းရည်မြင့် လုပ်ဆောင်ချက်တွေ မပါဘဲ တည်ဆောက်မှုအရည်အသွေးကလည်း သိပ်ကောင်းမှာ မဟုတ်ပါဘူး။ အခုတော့ ဂျာမနီ ဝက်ဘ်ဆိုက် Mobielkopen က Moto E6 Play ရဲ့ ဓါတ်ပုံတွေကို မျှဝေလိုက်ပါတယ်။

၁၄၉ ဒေါ်လာတန်(၂၂၀,၀၀၀ ကျပ်ဝန်းကျင်) E6 ကို ဒီနှစ်နွေရာသီမှာ ရောင်းချပေးခဲ့ပြီး Play နဲ့ Plus Models တွေကိုလည်း ထုတ်လုပ်ရောင်းချပေးခဲ့ပါတယ်။ အရင်နှစ်ကတော့ Standard E5 ကိုပဲ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ E6 Plus ကိုတော့ စက်တင်ဘာလမှာ ဥရောပနဲ့ တောင်အမေရိကမှာ ရောင်းချပေးခဲ့ပါတယ်။

အခုထွက်ပေါ်လာတဲ့ ဓါတ်ပုံတွေအရ E6 Play ထွက်လာမယ်ဆိုတာ သေချာသွားပါပြီ။ Android Central က အဲဒီ စမတ်ဖုန်းမှာ 18:9 Aspect Ratio ကို အသုံးပြုထားမယ်လို့ ပြောပါတယ်။ microUSB Charging ပဲပါတာက သိပ်မမိုက်ပါဘူး။ 3.5mm Headphone Jack တပ်ဆင်ထားပြီး E6 Plus မှာတော့ မထည့်သွင်းထားပါဘူး။ Android Central က Plus Model ရဲ့ အနောက်ကင်မရာ ၂ လုံးတပ်စနစ် မပါတဲ့အတွက် E6 Play ဖြစ်မှာ ပိုသေချာသွားတယ်လို့ ပြောပါတယ်။

ဓါတ်ပုံတွေအရ E6 Play ရဲ့ အနောက်ဘက်ဟာ တောက်ပြောင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ အနက်ရောင်ကိုယ်ထည် တပ်ဆင်ထားပါတယ်။ မျက်နှာပြင်ရဲ့ အထက်နဲ့ အောက်က ဘောင်တွေ အနည်းငယ်ထူနေတာက ခေတ်မှီတဲ့ ဒီဇိုင်း မဟုတ်ပါဘူး။ ဈေးပေါတဲ့ စမတ်ဖုန်း ကိုင်ချင်သူတွေအတွက်တော့ ရွေးချယ်စရာ ဖြစ်လာမှာပါ။

Ref : theverge