Snapdragon 8 Gen 1 ပါလာမယ့် ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း ဖြစ်တဲ့ Moto Edge X30 ကို Motorola က နောက် ၁ ပတ်မှာ ကြေညာတော့မှာပါ။ ကုမ္ပဏီက အဲဒီဖုန်းရဲ့ Specs တွေကို အရိပ်အယောင်တောင် မပြောသေးပေမယ့် ကုမ္ပဏီ အရာရှိ ၁ ယောက်က ဖုန်းရဲ့ ဓါတ်ပုံ ၁ ပုံကို မျှဝေလိုက်ပြီး မျက်နှာပြင်ဘေးဘောင်တွေ ပါးလွှာကာ Punch Hole ကို အလယ်မှာ တပ်ဆင်ထားပါတယ်။

Motorola ရဲ့ တရားဝင် ဝီဘို အကောင့်မှာ ဗီဒီယို အတို ၁ ခု တင်ထားပြီး Moto Edge X30 ရဲ့ မျက်နှာပြင် Specs တွေကို ဖော်ပြထားပါတယ်။ အဲဒီဖုန်းမှာ 144Hz Refresh Rate, HDR10+ နဲ့ ၁ ဘီလီယမ် အရောင်တွေ ပါလာမှာပါ။

Motorola က မျက်နှာပြင် အရွယ်အစားနဲ့ Resolution ကို မပြောသေးပေမယ့် အရင်ပေါက်ကြားခဲ့တဲ့ သတင်းတွေအရ ၆.၆၇ လက်မ အရွယ်အစားနဲ့ FullHD+ Resolution ပါလာနိုင်ပါတယ်။ Motorola က ဖုန်း အနောက်ဘက် ဒီဇိုင်းကို မပြသသေးပါဘူး။ ဒါပေမယ့် အရင်က ပေါက်ကြားခဲ့တဲ့ ဓါတ်ပုံတွေအရ အနောက်ဘက်မှာ ကင်မရာ ၃ လုံးတပ်ဆင်ထားပြီး 50MP Main (OIS) , 50MP Ultrawide နဲ့ 2MP Depth ကင်မရာတွေ ဖြစ်ပါတယ်။ ဆဲလ်ဖီးနဲ့ ဗီဒီယို Call အတွက် Punch Hole မှာ 60MP ကင်မရာ ၁ လုံး ထည့်သွင်းထားမှာဖြစ်ပြီး ဆဲလ်ဖီး ကင်မရာက 4K ဗီဒီယိုတွေ ရိုက်ကူးပေးနိုင်မှာပါ။

Moto Edge X30 ကို ဒီဇင်ဘာလ ၉ ရက်နေ့မှာ တရားဝင် ကြေညာမှာ ဖြစ်ပြီး တရုတ်မှာ ဒီလ ၁၅ ရက်နေ့ရောင်းမှာပါ။ အဲဒီဖုန်းကို တရုတ်ပြင်ပမှာ Edge 30 Ultra နာမည်နဲ့ ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena