Motorola Moto G Power ကို ဒီနှစ် ဇန်နဝါရီလမှာ ရောင်းချခဲ့တဲ့အတွက် 2022 Version ထွက်လာတာက စောသေးတယ်လို့ ပြောရမှာပါ။ ဒါပေမယ့် Motorola က Moto G Power (2022) ကို အမေရိကန်မှာ ၂၀၂၂ ခုနှစ် အစောပိုင်း ကျမှ ရောင်းချမယ်လို့ ပြောပြီး ကနေဒါမှာ လာမယ့်လတွေအတွင်း ဝယ်ယူနိုင်မှာပါ။ မော်ဒယ်အသစ်မှာ တိုးတက်မှုတွေနဲ့ SoC အသစ် ပါလာပါတယ်။

Motorola Moto G Power (2022)

Moto G Power (2022) မှာ ၆.၅ လက်မ IPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး 720x1600p Resolution ရှိပါတယ်။ Refresh Rate ကို 90Hz အထိ တိုးမြှင့်ပေးထားပြီး Snapdragon 662 အစား MediaTek Helio G37 တပ်ဆင်ထားပါတယ်။

Moto G Power 2021

Base Storage နဲ့ RAM အတွက် အရင် မော်ဒယ်မှာ 3GB/32GB ထည့်သွင်းထားပြီး မော်ဒယ်အသစ်မှာ 4GB/64GB အထိ တိုးမြှင့်ပေးထားပါတယ်။ ဒါ့အပြင် ၂၀၂၂ မော်ဒယ်မှာ 128GB Storage Option ကို ရွေးချယ်နိုင်ပြီ ဖြစ်ပြီး microSD Card Slot တပ်ဆင်ထားပါတယ်။

Motorola Moto G Power (2022)

ပင်မ ကင်မရာကို 50MP အထိ မြှင့်တင်ထားပြီး 2MP Macro နဲ့ 2MP Depth ကင်မရာတွေနဲ့ အားဖြည့်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာအတွက် တူညီတဲ့ 8MP ကို ထည့်သွင်းပေးထားပါတယ်။ 10W Charging  ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာပြီး Android 11 ပဲ မောင်းနှင်ထားပါတယ်။

ကနေဒါမှာ Dark Grove ၁ ရောင်ထဲ ဝယ်ယူနိုင်မှာ ဖြစ်ပြီး ဈေးနှုန်း မသိရသေးပါဘူး။ အမေရိကန်မှာ ၁၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်းခွဲလောက် ကျသင့်မှာပါ။

Ref : gsmarena