Motorola ဟာ ဧပြီလမှာ Moto G Stylus ကို ကြေညာခဲ့ပြီး ကုမ္ပဏီဟာ နောက်မျိုးဆက် Moto G Stylus (2021) ကို ဖန်တီးနေတဲ့ သတင်းတွေ ပြီးခဲ့တဲ့ လ အစောပိုင်းက တက်လာခဲ့ပါတယ်။ မော်ဒယ် အသစ် ကြေညာမယ့် အချိန်ကို မသိရသေးပေမယ့် အခုတော့ Amazon ကနေ ဖုန်းရဲ့ Specs တချို့နဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။

Motorola Moto G Stylus (2021) leaked by Amazon

Moto G Stylus (2021) မှာ 2020 Moto G Stylus မှာလို Punch Hole မျက်နှာပြင် ပါလာပေမယ့် အနောက်ဘက်ကို Texture တွေနဲ့ အလှဆင်ထားသလို ကင်မရာ ၁ လုံး အပိုပါလာပါတယ်။ အနောက်ကင်မရာ စုစုပေါင်းဟာ ၄ လုံးဖြစ်သွားမှာပါ။ အရင် သတင်းတွေအရ 48MP Main, 8MP Ultrawide , 2MP Depth နဲ့ 2MP Macro ကင်မရာ ၄ လုံးကို အနောက်ဘက်နဲ့ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံးကို အရှေ့ဘက်မှာ ထည့်သွင်းထားမှာပါ။

Motorola Moto G Stylus (2021) leaked by Amazon

ဓါတ်ပုံတွေအရ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားတာ မြင်ရပြီး အရင်မျိုးဆက်မှာတော့ အနောက်ဘက်မှာ မြှပ်နှံထားတာပါ။ နာမည်အတိုင်းပဲ ဒစ်ဂျစ်တယ် ဘောပင် ပါလာမှာ ဖြစ်ပြီး ညာဘက်အောက်ခြေက Slot မှာ ထည့်သွင်းရမှာပါ။ အောက်ခြေမှာ USB-C Port နဲ့ နားကြပ်ပေါက်လည်း ပါလာပါတယ်။

Motorola Moto G Stylus (2021) leaked by Amazon

Moto G Stylus (2021) မှာ 5G ပါလာမှာ ဖြစ်ပြီး Android 10 နဲ့ 4GB RAM ထည့်ထားမှာပါ။ ဘက်ထရီက 4,000mAhဖြစ်ပြီး အရင်သတင်းအရ Snapdragon 675 SoC ၊ ၆.၈၁ လက်မ FHD+ မျက်နှာပြင်နဲ့ 128GB Storage ထည့်သွင်းထားမှာပါ။ Amazon မှာ ၃၃၉ ဒေါ်လာနဲ့ စာရင်းတင်ထားပြီး ၄ သိန်းခွဲလောက် ကျသင့်မှာပါ။ ဒါပေမယ့် ဒီဈေးဟာ သိပ်မသေချာသေးပါဘူး။

Ref : gsmarena