Motorola က ဖေဖော်ဝါရီလမှာ Moto G8 Power ကို ကြေညာခဲ့ပြီး အခုတော့ Moto G8 Power Lite ကို ချပြလိုက်ပါပြီ။ Moto G8 Power Lite  မှာ ၆.၅ လက်မ Max Vision IPS မျက်နှာပြင် ပါလာပြီး 20:9 မျက်နှာပြင်အချိုးထောက်ပံ့ထားပါတယ်။ HD+ Resolution ရှိပြီး Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာနဲ့ ကင်မရာ ၃ လုံးကို ဘယ်ဘက်ထိပ်မှာ ဒေါင်လိုက်တပ်ဆင်ထားပါတယ်။ 16MP Main , 2MP Macro နဲ့ 2MP Depth ကင်မရာတွေ ဖြစ်ပြီး Helio P35 SoC မောင်းနှင်ထားပါတယ်။ 4GB RAM နဲ့ 64GB Storage ပါလာပြီး Android 9 Pie ပဲပါတာက သိပ်မမိုက်ပါဘူး။ 256GB microSD Card စိုက်နိုင်တာက မိုက်ပါတယ်။

Moto G8 Power Lite မှာ ရေစိုခံ အလွှာ ဖုံးအုပ်ထားပြီး Turquoise နဲ့ Blue အရောင် ၂ မျိုးထုတ်လုပ်ထားပါတယ်။ အဲဒီဖုန်းရဲ့ အလန်းဆုံး အစိတ်အပိုင်းက အရွယ်ကြီး 5,000mAh ဘက်ထရီ ဖြစ်ပါတယ်။ ဒါပေမယ့် 10W Charging နဲ့ microUSB Port ပဲ ပါတာက သိပ်မမိုက်ပါဘူး။

Moto G8 Power Lite ကို ၁၈၅ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်း ၆ သောင်းလောက်ရှိပါတယ်။ ဂျာမနီနဲ့ မက္ကဆီကိုမှာ အရင်ဆုံး ရောင်းမှာ ဖြစ်ပြီး နောက်ပိုင်းမှာ လက်တင် အမေရိက၊ ဥရောပ၊ အာရှနဲ့  ဩစတြေးလျနိုင်ငံတွေမှာ ရောင်းမှာပါ။

Ref : gsmarena