Motoroloa က Moto G8 Plus နဲ့ Moto G8 Play ကို ထုတ်လုပ်ရောင်းချထားတာ လအနည်းငယ်ကြာနေပါပြီ။ ကုမ္ပဏီက Moto G8 နဲ့ Moto G8 Power ကို ဖန်တီးနေတဲ့ သတင်းတွေထွက်နေပါတယ်။ ဒီလထဲ ကျင်းပမယ့် Mobile World Congress (MWC) နည်းပညာ ပြပွဲမှာ အဲဒီ ဖုန်း အသစ်တွေကို ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

အခုတော့ GeekBench မှာ Moto G8 Power ကိုတွေ့လာရတဲ့အတွက် မကြာခင်မှာ ရောင်းချတော့မယ်လို့ ထင်ပါတယ်။ G8 Power မှာ ၆.၃၆ လက်မ FullHD IPS မျက်နှာပြင် ထည့်သွင်းထားနိုင်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးပါလာနိုင်ပြီး  16MP+8MP+8MP+2MP တွေ ဖြစ်နိုင်ပါတယ်။ 18W Charging ပါတဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာနိုင်တဲ့အတွက် ဘက်ထရီ သက်တမ်းက အရမ်းလန်းမှာပါ။

ရိုးရိုး G8 မှာ ၆.၃၉ လက်မ မျက်နှာပြင် ထည့်သွင်းထားနိုင်ပါတယ်။  8MP ကင်မရာကလွဲပြီး G8 Power ရဲ့ အနောက်ကင်မရာတွေ ပါလာနိုင်ပြီး 10W Charging ပါတဲ့ 4,000mAh ဘက်ထရီ ထည့်သွင်းထားနိုင်ပါတယ်။ ဖုန်း ၂ လုံးစလုံးရဲ့ Chipset တွေက တူညီနိုင်ပြီး ဆဲလ်ဖီး ကင်မရာရဲ့ Resolution နဲ့ RAM/Storage Configuration တွေက ကွဲပြားနိုင်ပါတယ်။

Ref : gsmarena