Motorola အမှတ်တံဆိပ်အောက်က ဒုတိယမြောက် Pop-up Selfie ကင်မရာဖုန်းအဖြစ် Moto One Fusion+ ကို မိတ်ဆက်လာခဲ့ပါတယ်။

ယခင် One စီးရီးမှာ တွင်တွင်ကျယ်ကျယ်သုံးစွဲခဲ့တဲ့ Punch-hole ဒီဇိုင်းကို ဆက်မယူလာတာကြောင့် 6.5” Total Vision Display ဟာ အနှောင့်အယှက်မဲ့စွာ ရှင်းလင်းနေပါတယ်။ IPS LCD အမျိုးအစားဖြစ်ပြီး 1080p+ Resolution နဲ့ HDR10 ထောက်ပံ့မှုတွေပါဝင်ပါတယ်။

ဆဲလ်ဖီးကင်မရာကတော့ 16MP Sensor ဖြစ်ပြီး Moto One Hyper နဲ့ဆင်တူပေမယ့် One Hyper မှာတော့ 32MP ဆဲလ်ဖီးကင်မရာ သုံးထားပါတယ်။ နောက်ဘက်မှာပဲ Fingerprint ကို ထည့်သွင်းထားတယ်။ နောက်ဘက်မှာ 64MP f/1.8 Sensor ကို အဓိကထားပြီး အလင်းနည်းတဲ့အချိန်မှာ စွမ်းဆောင်ရည်ပိုကောင်းမယ့် Quad Bayer ဒီဇိုင်းပဲ ဖြစ်ပါတယ်။ ဒါကို 8MP Ultrawide + 5MP Macro + 2MP Depth Sensor တို့နဲ့ ဝန်းရံထားတယ်။

အတွင်းမှာ Snapdragon 730 အသုံးပြုလာပြီး One Hyper မှာပါခဲ့တဲ့ Snapdragon 675 ထက် CPU / GPU စွမ်းဆောင်ရည်ပိုကောင်းမှာပါ။ မန်မိုရီပိုင်းမှာ 6GB RAM နဲ့ 128GB Storage တို့ဖြစ်ပြီး MicroSD လည်းပါပါတယ်။

5,000 mAh ဘက္ထရီကြီးကို USB-C 15W အားသွင်းစနစ်နဲ့ တွဲဖက်ထားပါတယ်။ Moto One Fusion+ ဟာ အခုလနှောင်းပိုင်းမှာ ဥရောပဈေးကွက်ကို Moonlight White နဲ့ Twilight Blue ဆိုပြီး အရောင်နှစ်မျိုးနဲ့ ဝင်လာမှာဖြစ်ပြီး ယူရို ၃၀၀ (မြန်မာငွေ လေးသိန်းရှစ်သောင်းနီးပါး) ရှိပါတယ်။

Ref – GSMArena