Motorola ဟာ Exynos 9609 အသုံးပြုထားတဲ့ Android One စမတ်ဖုန်း Motorola One Vision ကို မနှစ်ကမေလမှာ မိတ်ဆက်ခဲ့ပါတယ်။ ဒီဟန်းဆက်ရဲ့ အဆင့်မြှင့်ထားတဲ့ဗားရှင်းကို Motorola One Vision Plus အမည်နဲ့ Android Enterprise Recommended ဝက်ဘ်စာမျက်နှာမှာ မြင်တွေ့ခဲ့ရပြီး ယနေ့မှာတော့ Geekbench ပေါ်သို့ ရောက်ရှိလာခဲ့ပါပြီ။

Moto One Vision Plus ရဲ့ Geekbench 5 စစ်ဆေးမှုကတော့ Single-core မှာ ရမှတ် 310 နဲ့ Multi-core မှာ 1351 အသီးသီးဖြစ်ပါတယ်။ Motherboard နေရာမှာဖော်ပြထားတဲ့ “Trinket” ဆိုတဲ့အမည်ဟာ Mid-range တန်း Snapdragon 665 SoC ရဲ့အမည်ဖြစ်ပြီး 1.8GHz ရှိပါတယ်။

SD665 ချစ်ပ်ဆက်ကိုတော့ 4GB RAM နဲ့တွဲဖက်ထားပြီး Android 9 Pie OS ကိုတွေ့ရပါတယ်။ Android Enterprise မှ ဖော်ပြချက်အရတော့ ဒီဖုန်းမှာ 6.3” Display နဲ့ 64GB Storage တို့ပါဝင်မှာဖြစ်ပြီး Fingerprint Reader လည်း ထည့်သွင်းထားပါတယ်။

Motorola ကုမ္ပဏီက ဒီစမတ်ဖုန်းနဲ့ပတ်သက်ပြီး တိတ်ဆိတ်နေသေးတာကြောင့် အခုနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာသာ တွေ့ရဖို့ ရှိပါတယ်။

Ref – GizmoChina