[Zawgyi]





Ref : gsmarena

[Unicode]

48MP နဲ့ 3x Tele Camera ပါတဲ့ Motorola One Zoom ကို မိတ်ဆက်

Motorola One Zoom ဟာ Moto Series တွေထဲမှာ အလန်းစား စမတ်ဖုန်း ၁ လုံး ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းမှာ ၆.၄ လက်မ OLED Display ထည့်သွင်းထားပြီး 1080p+ Resolution ဖြစ်ပါတယ်။ Display အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။ Moto Z4 မှာလိုပဲ Qualcomm Snapdragon 675 Chipset မောင်းနှင်ထားပေမယ့် နာမည်အတိုင်းပဲ ကင်မရာတွေကို အဆင့်မြှင့်ထားပါတယ်။

ပင်မ ကင်မရာအတွက် 48MP Sensor ကိုပဲ သုံးထားပြီး Optical Image Stabilization ပါပါတယ်။ ဆဲလ်ဖီး ကင်မရာကလည်း အတူတူပဲ ဖြစ်ပြီး 25MP Sensor ဖြစ်ပါတယ်။ အလင်းရောင်နည်းပါးတဲ့ အချိန်တွေမှာ ဓါတ်ပုံကောင်းတွေ ရိုက်ကူးပေးနိုင်တဲ့ Quad Pixel နည်းပညာကို အရှေ့နဲ့ အနောက်ကင်မရာတွေမှာ ထည့်သွင်းပေးထားပါတယ်။

Z4 မှာ အဲဒီ ကင်မရာ ၂ လုံးကိုပဲ သုံးထားပေမယ့် Zoom မှာ OIS ပါတဲ့ 3x Optical Zoom ကို အပို ဖြည့်ထားပါတယ်။ ဒါ့အပြင် 16MP Ultra Wide-angle (117 Degree) Camera နဲ့ 5MP Depth Sensor ပါပါတယ်။ အလူမီနီယမ် ကိုယ်ထည် တပ်ဆင်ထားပြီး OLED Screen ကို 2.5D Glass နဲ့ ကာကွယ်ထားပါတယ်။ အနောက်ဘက်ကို Gorilla Glass 3 နဲ့ ဖုံးအုပ်ထားပါတယ်။

Motorola One Zoom မှာ ရေစက်ရေပေါက်တွေကို ခံနိုင်တဲ့ Nano-coating နဲ့ ကာကွယ်ထားပါတယ်။ 15W TurboPower Fast Charging ပါတဲ့ 4,000mAh Battery ထည့်ထားပြီး USB-C Port ပါပါတယ်။ 4GB RAM နဲ့ 128GB Storage တွေ ထည့်ထားပြီး ယူရို ၄၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၆၈၀,၀၀၀ လောက်ရှိပါတယ်။

Ref : gsmarena