[Zawgyi]

Motorola P40 ရဲ႕ ဓာတ္ပုံေတြဟာ @OnLeaks x @91Mobiles ကေနတစ္ဆင့္ ေပၚထြက္လာတာ ျဖစ္ပါတယ္။ Renders ဓာတ္ပုံေတြအရဆိုရင္ Motorola အေနနဲ႔ သူတို႔ရဲ႕ မ်ိဴးဆက္သစ္ P စီးရီးအတြက္ Punch-hole Camera Display နဲ႔ 48MP Camera Sensor ေတြကို အသုံးျပဳလာႏိုင္ပါတယ္။

Motorola P40 အတြက္ 48MP Camera Sensor ကို ၿပီးခဲ့တဲ့ရက္ပိုင္းက မိတ္ဆက္သြားတဲ့ Huawei Nova 4 နဲ႔ Honor V20 (Honor View 20) တို႔လိုမ်ိဴး ေနာက္ေက်ာဘက္မွာ Main Camera အျဖစ္တပ္ဆင္ထားႏိုင္ပါတယ္။ Xiaomi ကလည္း 48MP Camera Sensor တပ္ဆင္ထားတဲ့ စမတ္ဖုန္းကို မိတ္ဆက္ဖို႔ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ေလာေလာဆယ္မွာ စမတ္ဖုန္းေတြအတြက္ 48MP Camera Sensor ေတြကို ထုတ္လုပ္ႏိုင္တဲ့ သူက Samsung နဲ႔ Sony ကုမၸဏီ ၂ခုသာ ရွိပါေသးတယ္။ Nova 4 နဲ႔ V20 စမတ္ဖုန္းေတြမွာ Sony Camera Sensor ေတြကို အသုံးျပဳထားတာျဖစ္ၿပီး Motorola P40 နဲ႔ Xiaomi ဖုန္းမွာေတာ့ ဘယ္ကုမၸဏီရဲ႕ Sensor ကို အသုံးျပဳထားတယ္ဆိုတာ အတိအက် မသိရေသးပါဘူး။

Motorola P40 ဟာ Android One စမတ္ဖုန္းအမ်ိဴးအစား ျဖစ္လာႏိုင္ၿပီး Android 9.0 Pie နဲ႔အတူ ပြဲထြက္လာႏိုင္ပါတယ္။ Processor အပိုင္းအတြက္ Snapdragon 600 စီးရီး ဒါမွမဟုတ္ Snapdragon 710 SoC ကို အသုံးျပဳထားႏိုင္ပါတယ္။ Display အပိုင္းမွာေတာ့ Resolution 1080 x 2310 pixels ရွိတဲ့ FHD+ LCD Display ကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။ ေအာက္ဘက္ေဘာင္ (Chin) မွာ Motorola စာသား ထည့္ထားတာေတြ႕ရတဲ့အတြက္ P40 ရဲ႕ Chin က သာမန္ထက္ အနည္းငယ္ပိုႀကီးႏိုင္ပါတယ္။ ေက်ာဘက္မွာေတာ့ Motorola တံဆိပ္ပါတဲ့ Fingerprint Sensor ကိုတပ္ဆင္ထားတာ ေတြ႕ရပါတယ္။ Motorola P30 စီးရီးက ထြက္ရွိထားတာ သိပ္မၾကာေသးတဲ့အတြက္ Motorola P40 စီးရီးကို ျမင္ေတြ႕ရဖို႔ဆိုရင္ အခ်ိန္အေတာ္ၾကာ ေစာင့္ရဦးမွာပါ။

Ref : xda-developers

[Unicode]

48MP Camera နဲ့ Display အပေါက် ပါလာနိုင်တဲ့ Motorola P40

Motorola P40 ရဲ့ ဓာတ်ပုံတွေဟာ @OnLeaks x @91Mobiles ကနေတစ်ဆင့် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ Renders ဓာတ်ပုံတွေအရဆိုရင် Motorola အနေနဲ့ သူတို့ရဲ့ မျိူးဆက်သစ် P စီးရီးအတွက် Punch-hole Camera Display နဲ့ 48MP Camera Sensor တွေကို အသုံးပြုလာနိုင်ပါတယ်။

Motorola P40 အတွက် 48MP Camera Sensor ကို ပြီးခဲ့တဲ့ရက်ပိုင်းက မိတ်ဆက်သွားတဲ့ Huawei Nova 4 နဲ့ Honor V20 (Honor View 20) တို့လိုမျိူး နောက်ကျောဘက်မှာ Main Camera အဖြစ်တပ်ဆင်ထားနိုင်ပါတယ်။ Xiaomi ကလည်း 48MP Camera Sensor တပ်ဆင်ထားတဲ့ စမတ်ဖုန်းကို မိတ်ဆက်ဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။ လောလောဆယ်မှာ စမတ်ဖုန်းတွေအတွက် 48MP Camera Sensor တွေကို ထုတ်လုပ်နိုင်တဲ့ သူက Samsung နဲ့ Sony ကုမ္ပဏီ ၂ခုသာ ရှိပါသေးတယ်။ Nova 4 နဲ့ V20 စမတ်ဖုန်းတွေမှာ Sony Camera Sensor တွေကို အသုံးပြုထားတာဖြစ်ပြီး Motorola P40 နဲ့ Xiaomi ဖုန်းမှာတော့ ဘယ်ကုမ္ပဏီရဲ့ Sensor ကို အသုံးပြုထားတယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။

Motorola P40 ဟာ Android One စမတ်ဖုန်းအမျိူးအစား ဖြစ်လာနိုင်ပြီး Android 9.0 Pie နဲ့အတူ ပွဲထွက်လာနိုင်ပါတယ်။ Processor အပိုင်းအတွက် Snapdragon 600 စီးရီး ဒါမှမဟုတ် Snapdragon 710 SoC ကို အသုံးပြုထားနိုင်ပါတယ်။ Display အပိုင်းမှာတော့ Resolution 1080 x 2310 pixels ရှိတဲ့ FHD+ LCD Display ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ အောက်ဘက်ဘောင် (Chin) မှာ Motorola စာသား ထည့်ထားတာတွေ့ရတဲ့အတွက် P40 ရဲ့ Chin က သာမန်ထက် အနည်းငယ်ပိုကြီးနိုင်ပါတယ်။ ကျောဘက်မှာတော့ Motorola တံဆိပ်ပါတဲ့ Fingerprint Sensor ကိုတပ်ဆင်ထားတာ တွေ့ရပါတယ်။ Motorola P30 စီးရီးက ထွက်ရှိထားတာ သိပ်မကြာသေးတဲ့အတွက် Motorola P40 စီးရီးကို မြင်တွေ့ရဖို့ဆိုရင် အချိန်အတော်ကြာ စောင့်ရဦးမှာပါ။

Ref : xda-developers