[Zawgyi]

Lenovo က ပိုင္ဆိုင္တဲ့ Motorola ကုမၸဏီဟာ P50 စမတ္ဖုန္းကို မေန႔တုန္းက တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္လိုက္ပါတယ္။ Motorola P50 ဟာ Motorola One Vision ကို နာမည္ေျပာင္းထားတဲ့ စမတ္ဖုန္းျဖစ္ၿပီး တ႐ုတ္ႏိုင္ငံမွာပဲ ေရာင္းခ်မယ္လို႔ ယူဆရပါတယ္။ ဒါ့ေၾကာင့္ မူလပထမ Motorola One Vision မွာပါတဲ့ Android One OS နဲ႔ Google Services ေတြကို Motorola P50 မွာ ျမင္ေတြ႕ရမွာ မဟုတ္ပါဘူး။

Motorola P50 Specifications
Android 9 Pie OS နဲ႔ ပြဲထြက္ခဲ့တဲ့ စမတ္ဖုန္းျဖစ္ၿပီး 6.34” LCD Display ကို အသုံးျပဳထားပါတယ္။ Display Resolution က 1080 x 2520 pixels ရွိၿပီး Sony Xperia 1 လိုမ်ိဴး 21:9 Aspect Ratio နဲ႔ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ P50 ရဲ႕ Display က သာမန္ စမတ္ဖုန္း Display ေတြထက္ အနည္းငယ္ ပိုရွည္ေနမွာပါ။ Processor အပိုင္းအတြက္ Exynos 9609 SoC ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 6GB ပါဝင္ပါတယ္။ Memory Storage ကိုေတာ့ 128GB ထည့္သြင္းေပးထားမွာျဖစ္ၿပီး MicroSD လည္း ထပ္စိုက္ႏိုင္မယ္လို႔ သိရပါတယ္။

ေနာက္ေက်ာဘက္ ကင္မရာအပိုင္းအတြက္ 48MP Main Camera ကို 5MP Depth Sensor နဲ႔ တြဲဖက္တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 25MP Selfie Camera ကို Punch-hole ထဲမွာ ထည့္သြင္းတပ္ဆင္ထားပါတယ္။ လုံၿခဳံေရးအပိုင္းအတြက္ Fingerprint Sensor ကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ထားပါတယ္။ 3500mAh Battery ကို USB Type-C ကေန တဆင့္ အားသြင္းႏိုင္မွာျဖစ္ၿပီး 15W အျမန္အားသြင္းစနစ္ကို ေထာက္ပံ့ေပးထားတယ္လို႔ သိရပါတယ္။

Motorola P50 ကို Brown Gradient နဲ႔ Sapphire Gradient ဆိုၿပီး အေရာင္ ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။ ေစ်းႏႈန္းကေတာ့ တ႐ုတ္ေငြ ၂၄၉၉ ယြမ္ ( ျမန္မာေငြ ၅သိန္းခြဲ ဝန္းက်င္) က်သင့္မွာပါ။

Ref : Gadgets.ndtv

[Unicode]

Xperia 1 လိုမျိူး 21:9 Aspcet Ratio Display ပါတဲ့ Motorola P50 ကို မိတ်ဆက်

Lenovo က ပိုင်ဆိုင်တဲ့ Motorola ကုမ္ပဏီဟာ P50 စမတ်ဖုန်းကို မနေ့တုန်းက တရုတ်နိုင်ငံမှာ မိတ်ဆက်လိုက်ပါတယ်။ Motorola P50 ဟာ Motorola One Vision ကို နာမည်ပြောင်းထားတဲ့ စမတ်ဖုန်းဖြစ်ပြီး တရုတ်နိုင်ငံမှာပဲ ရောင်းချမယ်လို့ ယူဆရပါတယ်။ ဒါ့ကြောင့် မူလပထမ Motorola One Vision မှာပါတဲ့ Android One OS နဲ့ Google Services တွေကို Motorola P50 မှာ မြင်တွေ့ရမှာ မဟုတ်ပါဘူး။

Motorola P50 Specifications
Android 9 Pie OS နဲ့ ပွဲထွက်ခဲ့တဲ့ စမတ်ဖုန်းဖြစ်ပြီး 6.34” LCD Display ကို အသုံးပြုထားပါတယ်။ Display Resolution က 1080 x 2520 pixels ရှိပြီး Sony Xperia 1 လိုမျိူး 21:9 Aspect Ratio နဲ့ ဖြစ်ပါတယ်။ ဒါ့ကြောင့် P50 ရဲ့ Display က သာမန် စမတ်ဖုန်း Display တွေထက် အနည်းငယ် ပိုရှည်နေမှာပါ။ Processor အပိုင်းအတွက် Exynos 9609 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 6GB ပါဝင်ပါတယ်။ Memory Storage ကိုတော့ 128GB ထည့်သွင်းပေးထားမှာဖြစ်ပြီး MicroSD လည်း ထပ်စိုက်နိုင်မယ်လို့ သိရပါတယ်။

နောက်ကျောဘက် ကင်မရာအပိုင်းအတွက် 48MP Main Camera ကို 5MP Depth Sensor နဲ့ တွဲဖက်တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 25MP Selfie Camera ကို Punch-hole ထဲမှာ ထည့်သွင်းတပ်ဆင်ထားပါတယ်။ လုံခြုံရေးအပိုင်းအတွက် Fingerprint Sensor ကို နောက်ကျောဘက်မှာ တပ်ဆင်ထားပါတယ်။ 3500mAh Battery ကို USB Type-C ကနေ တဆင့် အားသွင်းနိုင်မှာဖြစ်ပြီး 15W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

Motorola P50 ကို Brown Gradient နဲ့ Sapphire Gradient ဆိုပြီး အရောင် ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ စျေးနှုန်းကတော့ တရုတ်ငွေ ၂၄၉၉ ယွမ် ( မြန်မာငွေ ၅သိန်းခွဲ ဝန်းကျင်) ကျသင့်မှာပါ။

Ref : Gadgets.ndtv