Motorola ကနေ လာမယ့် ဇွန်လ ၁ ရက်နေ့မှာ Razr 40 Ultra Foldable ဖုန်းကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် မမိတ်ဆက်ခင်မှာ Motorola ကနေ မှားယွင်းပြီး Billboard ဆိုင်းဘုတ်မှာ Motorola Razr 40 Ultra ဖုန်းကို ကြော်ငြာမိခဲ့ပါတယ်။

အဆိုပါ Billboard ကြော်ငြာကို Sofia ၊ Bulgaria နိုင်ငံမှာ တင်ထားခဲ့တာဖြစ်ပြီး ဖုန်းဒီဇိုင်းနဲ့ အပြင်ဘက် Outer Display ပုံကို အတိအကျဖော်ပြထားခဲ့တာဖြစ်ပါတယ်။ Motorola Razr 40 Ultra ဖုန်းဟာ အပြင်ဘက် Outer Display ကို 3.6″ Display ထည့်သွင်းပေးထားပြီး လက်ရှိ Flip Foldable ဖုန်းတွေထဲမှာ Screen Size အကြီးမားဆုံးဖြစ်လာမှာလည်းဖြစ်ပါတယ်။

အခုလိုမျိုး ဒီဇိုင်းပုံစံကို ဖော်ပြခဲ့ပေမယ့်လည်း Motorola Razr 40 Ultra ဖုန်းရဲ့ Specification တွေကိုတော့ အဆိုပါ Billboard မှာ ဖော်ပြထားခြင်းမရှိပါဘူး။ လက်ရှိထွက်ရှိထားတဲ့သတင်းတွေအရ Motorola Razr 40 ဖုန်းဟာ Qualcomm Snapdragon 7 Gen 1 Chipset ၊ RAM 12GB ၊ Android 13 OS နဲ့ 33W Fast Charging နည်းပညာတွေပါဝင်မှာဖြစ်ပါတယ်။

ဒါပေမယ့် Motorola Razr 40 Ultra ဖုန်းကတော့ 6.9″ Foldable OLED Display ၊ FullHD+ 165Hz Refresh Rate ၊ Qualcomm Snapdragon 8+ Gen 1 Chipset ၊ RAM 8GB ၊ 256GB Storage တွေအပြင် 33W Fast Charging ပါဝင်တဲ့ 3800mAh Battery ပါဝင်မယ်လို့ သိရပါတယ်။ ကင်မရာပိုင်းမှာလည်း 32MP Front Selfie Camera အပြင် 12MP + 13MP Dual Camera Setup ကို အသုံးပြုလာမှာဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့ Motorola Razr 40 Ultra ဖုန်းဟာ ယူရိုငွေ ၁,၁၆၉ နဲ့ ၁,၁၉၉ ဝန်းကျင် ကျသင့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref – Gizmo China