[Unicode]

Motorola က ပြီးခဲ့တဲ့ နိုဝင်ဘာလက Foldable စမတ်ဖုန်း ဖြစ်တဲ့ Razr ကို ကြေညာခဲ့ပြီး ဝယ်လိုအား ပြည့်မှီအောင် ဖြည့်ဆည်းပေးဖို့အတွက် ရောင်းချမယ့် အချိန်ကို နောက်ဆုတ်ခဲ့ပါတယ်။ မကြာခင်ကပဲ ကြိုတင်မှာယူခွင့်ပြုလိုက်ပြီး နောက်လ ၆ ရက်နေ့မှာ ပို့ဆောင်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ အခုတော့ Motorola ရဲ့ ဒီဇိုင်း အလန်းစား Foldable ဖုန်းဟာ ဝယ်လိုအား အရမ်းလန်းနေတဲ့ ပုံပေါ်ပြီး ပို့ဆောင်မယ့်နေ့ကို နောက်လ ၁၈ ရက်သို့ နောက်ဆုတ်လိုက်ပါတယ်။

ကြိုတင်မှာယူတဲ့ အရေအတွက် ဘယ်လောက်ရှိလို့ ပို့ဆောင်မယ့် အချိန်ကို နောက်ဆုတ်လိုက်တယ် ဆိုတာ မသိရသေးပါဘူး။ နောက်ဆုတ်တဲ့ နေ့ကိုတော့ Verizon ရဲ့ ဝက်ဘ်ဆိုက်နဲ့ Motorola စတိုးမှာ ဖော်ပြထားပြီးပါပြီ။ Motorola က နောက်ဆုတ်ရတဲ့ အကြောင်းအရင်းကို မပြောသေးပါဘူး။ Razr ဟာ ဒီဇိုင်းလန်းသလို ဈေးလည်း မြောက်ပါတယ်။ ဒေါ်လာ ၁,၅၀၀ သတ်မှတ်ထားပြီး မြန်မာငွေ ၂၁ သိန်းလောက်ရှိပါတယ်။ Physical SIM Slot မပါဘဲ eSIM ကိုပဲ ထောက်ပံ့တဲ့အတွက် eSIM ဝန်ဆောင်မှုပေးတဲ့ Carriers တွေနဲ့ပဲ အဆင်ပြေမှာပါ။

ဒီရက်ပိုင်းထဲမှာ Motorola ရဲ့ သတင်းများစွာ ထွက်နေပါတယ်။ ကုမ္ပဏီက နောက်လ ၂၄ ရက်နေ့ စပိန်နိုင်ငံ ဘာစီလိုနာမှာ ကျင်းပမယ့် MWC 2020 နည်းပညာ ပြပွဲမှာ စွမ်းရည်မြင့် စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အတည်ပြုလိုက်ပါတယ်။ Moto G8 နဲ့ G8 Power ရဲ့ သတင်းအချက်အလက်တွေလည်း ပေါက်ကြားထွက်ပေါ်နေပါတယ်။ Motorola က 5G ပါတဲ့ Razr မော်ဒယ်နဲ့ ဒစ်ဂျစ်တယ်ဘောပင်ပါတဲ့ ဖုန်း အသစ် ၁ လုံးကို ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena

[Zawgyi]

Motorola Razr ပို႔ေဆာင္ေပးမယ့္ေန႔ကို ေနာက္လ ၁၈ ရက္သို႔ ေနာက္ဆုတ္

Motorola က ၿပီးခဲ့တဲ့ ႏိုဝင္ဘာလက Foldable စမတ္ဖုန္း ျဖစ္တဲ့ Razr ကို ေၾကညာခဲ့ၿပီး ဝယ္လိုအား ျပည့္မွီေအာင္ ျဖည့္ဆည္းေပးဖို႔အတြက္ ေရာင္းခ်မယ့္ အခ်ိန္ကို ေနာက္ဆုတ္ခဲ့ပါတယ္။ မၾကာခင္ကပဲ ႀကိဳတင္မွာယူခြင့္ျပဳလိုက္ၿပီး ေနာက္လ ၆ ရက္ေန႔မွာ ပို႔ေဆာင္ေပးမယ္လို႔ ေၾကညာခဲ့ပါတယ္။ အခုေတာ့ Motorola ရဲ႕ ဒီဇိုင္း အလန္းစား Foldable ဖုန္းဟာ ဝယ္လိုအား အရမ္းလန္းေနတဲ့ ပုံေပၚၿပီး ပို႔ေဆာင္မယ့္ေန႔ကို ေနာက္လ ၁၈ ရက္သို႔ ေနာက္ဆုတ္လိုက္ပါတယ္။

ႀကိဳတင္မွာယူတဲ့ အေရအတြက္ ဘယ္ေလာက္ရွိလို႔ ပို႔ေဆာင္မယ့္ အခ်ိန္ကို ေနာက္ဆုတ္လိုက္တယ္ ဆိုတာ မသိရေသးပါဘူး။ ေနာက္ဆုတ္တဲ့ ေန႔ကိုေတာ့ Verizon ရဲ႕ ဝက္ဘ္ဆိုက္နဲ႔ Motorola စတိုးမွာ ေဖာ္ျပထားၿပီးပါၿပီ။ Motorola က ေနာက္ဆုတ္ရတဲ့ အေၾကာင္းအရင္းကို မေျပာေသးပါဘူး။ Razr ဟာ ဒီဇိုင္းလန္းသလို ေဈးလည္း ေျမာက္ပါတယ္။ ေဒၚလာ ၁,၅၀၀ သတ္မွတ္ထားၿပီး ျမန္မာေငြ ၂၁ သိန္းေလာက္ရွိပါတယ္။ Physical SIM Slot မပါဘဲ eSIM ကိုပဲ ေထာက္ပံ့တဲ့အတြက္ eSIM ဝန္ေဆာင္မႈေပးတဲ့ Carriers ေတြနဲ႔ပဲ အဆင္ေျပမွာပါ။

ဒီရက္ပိုင္းထဲမွာ Motorola ရဲ႕ သတင္းမ်ားစြာ ထြက္ေနပါတယ္။ ကုမၸဏီက ေနာက္လ ၂၄ ရက္ေန႔ စပိန္ႏိုင္ငံ ဘာစီလိုနာမွာ က်င္းပမယ့္ MWC 2020 နည္းပညာ ျပပြဲမွာ စြမ္းရည္ျမင့္ စမတ္ဖုန္း အသစ္ ၁ လုံးကို ေၾကညာမယ္လို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ အတည္ျပဳလိုက္ပါတယ္။ Moto G8 နဲ႔ G8 Power ရဲ႕ သတင္းအခ်က္အလက္ေတြလည္း ေပါက္ၾကားထြက္ေပၚေနပါတယ္။ Motorola က 5G ပါတဲ့ Razr ေမာ္ဒယ္နဲ႔ ဒစ္ဂ်စ္တယ္ေဘာပင္ပါတဲ့ ဖုန္း အသစ္ ၁ လုံးကို ဖန္တီးေနတယ္လို႔ သတင္းထြက္ေနပါတယ္။

Ref : gsmarena