Motorola ရဲ့ ပထမဆုံး Foldable ဖုန်းဟာ စွမ်းရည်သင့် Specs တွေ ပါပေမယ့် ဒီဇိုင်း အရမ်းလန်းပါတယ်။ ဒါပေမယ့် အဲဒီဖုန်းရဲ့ တည်ဆောက်ပုံဟာ ရှုပ်ထွေးနက်နဲပြီး ပြင်ဆင်ဖို့ ခက်ခဲနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

အခုတော့ iFixit က အဲဒီ ဖုန်းကို တစ်စစီ ဖြုတ်ကြည့်လိုက်ပြီး ပရော်ဖက်ရှင်နယ် မဟုတ်တဲ့ လူတွေ ကိုယ်တိုင် ပြင်ဆင်ဖို့ ခက်ခဲတယ်ဆိုတာ ပြသခဲ့ပါတယ်။ အဲဒီ ဗီဒီယိုကို အောက်မှာ လေ့လာကြည့်ပါ။

iFixit ရဲ့ ပြင်ဆင်ဖို့ ခက်ခဲတဲ့ အမှတ် ၁၀ မှတ်မှာ အဲဒီဖုန်းဟာ ၁ ရထားပါတယ်။ (၁၀ မှတ်ရတာက ပြင်ဆင်ဖို့ အလွယ်ကူဆုံး ဖြစ်ပါတယ်။) နည်းပညာ မကျွမ်းကျင်သူတွေအတွက် ကိုယ်တိုင် ပြင်ဆင်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။ အဲဒီဖုန်းကို ပြင်ချင်ရင် T3 Torx Driver လိုအပ်မှာ ဖြစ်ပြီး ပင်မ မျက်နှာပြင်က လဲချင်ရင် လဲလို့ ရပါတယ်။

အပြင်ဘက် Cover တွေဟာ ကော်နဲ့ ကပ်ထားပြီး ဘက်ထရီ လဲချင်ရင် ဖုန်းကို တစ်စစီဖြုတ်ဖို့ လိုအပ်ပါတယ်။ Charging Port ကို Mainboard နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့အတွက် ကိုယ်တိုင် ပြင်ရင်တော့ မအောင်မြင်ဖို့ များပါတယ်။ အတွင်းပိုင်း တည်ဆောက်ပုံတွေက အရမ်းကို ရှုပ်ထွေးတဲ့အတွက် ပြင်ဖို့ လုံးဝ မလွယ်ကူပါဘူး။ Motorola Razr ဟာ Foldable မျက်နှာပြင်ပါတဲ့ အစောဆုံး ဖုန်းတွေထဲက ၁ လုံး ဖြစ်ပါတယ်။ Foldable မျက်နှာပြင် ဖြစ်တဲ့အတွက် သူနဲ့ လိုက်ဖက်အောင် အတွင်းပိုင်း အစိတ်အပိုင်းတွေကိုလည်း ခက်ခဲရှုပ်ထွေးစွာ တည်ဆောက်ထားရပါတယ်။ အဲဒီအတွက် ကျွမ်းကျင်သူတွေ မဟုတ်ရင်တော့ အဲဒီဖုန်းကို ကိုယ်တိုင် ပြင်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။

Ref : gsmarena