[Unicode]

Motorola Razr ကို နောက်လ ၆ ရက်နေ့မှာ Verizon ကနေ ရောင်းပေးတော့မှာ ဖြစ်ပြီး ဈေးကွက်ထဲမှာတော့ ဒေါင်လိုက် ခေါက်ချိုးနိုင်တဲ့ ပထမဆုံး Foldable စမတ်ဖုန်း ဖြစ်လာပါတယ်။ အခုတော့ Motorola က အဲဒီဖုန်းရဲ့ ကြော်ငြာ ဗီဒီယိုတွေကို မျှဝေလိုက်ပါတယ်။

“Caring for Razr” ဗီဒီယိုမှာ Motorola က ၆.၂ လက်မ မျက်နှာပြင်ကို ချွန်ထက်တဲ့ အရာတွေ ၊ အရည်တွေနဲ့ မထိတွေ့စေဖို သတိပေးထားပါတယ်။ ရေစက်ရေပေါက်တွေကို ခံနိုင်တဲ့ စွမ်းရည်ရှိပြီး Foldable ဖုန်း ဖြစ်တဲ့အတွက် အဖု၊ အခုံးလေးတွေ ပါလာမှာကို စိတ်ပူစရာ မလိုဘူးလို့ ပြောထားပါတယ်။ ကုမ္ပဏီက Screen Protector တွေ မသုံးရဘူးလို့လည်း သတိပေးထားပါတယ်။ ဖုန်းကို အိတ်ကပ်ထဲ မထည့်ခင်မှာ ပိတ်ထားဖို့လည်း ပြောထားပါတယ်။

“Moto Experiences “ ဗီဒီယိုမှာ ဖုန်းကို ပိတ်ထားပြီး လှုပ်ခါလိုက်ရင် ဓါတ်မီးကို ဖွင့်ပေးတယ်ဆိုတာ ပြသထားပါတယ်။ လက်သုံးချောင်းနဲ့ မျက်နှာပြင်ကို ထိလိုက်ရင် Screenshot ရိုက်ပေးမှာပါ။ ကင်မရာကို ဖွင့်ဖို့အတွက် ဖုန်းကို ဘယ်၊ညာ ခါပေးရမှာပါ။ အပြင်ဘက်က မျက်နှာပြင်ငယ်ကနေ သတင်းအချက်အလက်တွေကို ကြည့်နိုင်ပြီး အသံအမိန့်တွေနဲ့ တုန့်ပြန်နိုင်တာက မိုက်ပါတယ်။

“ Razr Camera Features “ ဗီဒီယိုမှာ Stage Lighting Effects ပါတဲ့ Portrait Mode ၊ Low Light Shots အတွက် Night Vision နဲ့ ကလေးတွေ အကြိုက်တွေ့မယ့် ကာတွန်းတွေကို အပြင်ဘက် မျက်နှာပြင်မှာ ပြသပေးတဲ့ လုပ်ဆောင်ချက်တွေကို ပြသထားပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတာက ရုပ်သေဓါတ်ပုံမှာ လှုပ်ရှားနေတဲ့ အရာဝတ္ထုတွေ ထည့်သွင်းနိုင်တဲ့ Cinemagraph Mode ဖြစ်ပါတယ်။

Ref : gsmarena

[Zawgyi]

Motorola က Razr ရဲ႕ ေၾကာ္ျငာ ဗီဒီယိုေတြကို မွ်ေဝ

Motorola Razr ကို ေနာက္လ ၆ ရက္ေန႔မွာ Verizon ကေန ေရာင္းေပးေတာ့မွာ ျဖစ္ၿပီး ေဈးကြက္ထဲမွာေတာ့ ေဒါင္လိုက္ ေခါက္ခ်ိဳးႏိုင္တဲ့ ပထမဆုံး Foldable စမတ္ဖုန္း ျဖစ္လာပါတယ္။ အခုေတာ့ Motorola က အဲဒီဖုန္းရဲ႕ ေၾကာ္ျငာ ဗီဒီယိုေတြကို မွ်ေဝလိုက္ပါတယ္။

“Caring for Razr” ဗီဒီယိုမွာ Motorola က ၆.၂ လက္မ မ်က္ႏွာျပင္ကို ခြၽန္ထက္တဲ့ အရာေတြ ၊ အရည္ေတြနဲ႔ မထိေတြ႕ေစဖို သတိေပးထားပါတယ္။ ေရစက္ေရေပါက္ေတြကို ခံႏိုင္တဲ့ စြမ္းရည္ရွိၿပီး Foldable ဖုန္း ျဖစ္တဲ့အတြက္ အဖု၊ အခုံးေလးေတြ ပါလာမွာကို စိတ္ပူစရာ မလိုဘူးလို႔ ေျပာထားပါတယ္။ ကုမၸဏီက Screen Protector ေတြ မသုံးရဘူးလို႔လည္း သတိေပးထားပါတယ္။ ဖုန္းကို အိတ္ကပ္ထဲ မထည့္ခင္မွာ ပိတ္ထားဖို႔လည္း ေျပာထားပါတယ္။

“Moto Experiences “ ဗီဒီယိုမွာ ဖုန္းကို ပိတ္ထားၿပီး လႈပ္ခါလိုက္ရင္ ဓါတ္မီးကို ဖြင့္ေပးတယ္ဆိုတာ ျပသထားပါတယ္။ လက္သုံးေခ်ာင္းနဲ႔ မ်က္ႏွာျပင္ကို ထိလိုက္ရင္ Screenshot ႐ိုက္ေပးမွာပါ။ ကင္မရာကို ဖြင့္ဖို႔အတြက္ ဖုန္းကို ဘယ္၊ညာ ခါေပးရမွာပါ။ အျပင္ဘက္က မ်က္ႏွာျပင္ငယ္ကေန သတင္းအခ်က္အလက္ေတြကို ၾကည့္ႏိုင္ၿပီး အသံအမိန႔္ေတြနဲ႔ တုန႔္ျပန္ႏိုင္တာက မိုက္ပါတယ္။

“ Razr Camera Features “ ဗီဒီယိုမွာ Stage Lighting Effects ပါတဲ့ Portrait Mode ၊ Low Light Shots အတြက္ Night Vision နဲ႔ ကေလးေတြ အႀကိဳက္ေတြ႕မယ့္ ကာတြန္းေတြကို အျပင္ဘက္ မ်က္ႏွာျပင္မွာ ျပသေပးတဲ့ လုပ္ေဆာင္ခ်က္ေတြကို ျပသထားပါတယ္။ ေနာက္ထပ္ စိတ္ဝင္စားစရာေကာင္းတာက ႐ုပ္ေသဓါတ္ပုံမွာ လႈပ္ရွားေနတဲ့ အရာဝတၳဳေတြ ထည့္သြင္းႏိုင္တဲ့ Cinemagraph Mode ျဖစ္ပါတယ္။

Ref : gsmarena