Foldable မျက်နှာပြင် ပါတဲ့ စမတ်ဖုန်းတွေနဲ့ ချပ်ဝတ်တန်ဆာ ကွန်ပြူတာတွေဟာ ခေတ်စားလာပါပြီ။ နည်းပညာ ကုမ္ပဏီတွေက Foldable Concept အသစ်တွေကို ရှာဖွေနေကြပါတယ်။ စမတ်ဖုန်းတွေကို လက်ကောက်ဝတ်မှာ ပတ်ထားလို့ရမယ့် နည်းပညာတွေကိုလည်း တီထွင်နေကြပါတယ်။

Motorola Flexible Concept Phone

Motorola က မကြာခင်က 2023 Lenovo Tech World Event မှာ ထူးခြားဆန်းသစ်တဲ့ “Adaptive Display” စမတ်ဖုန်းကို ပြသခဲ့ပါတယ်။

Motorola Flexible Concept Phone

အဲဒီ ဖုန်းမှာ ကွေးညွှတ်တဲ့ 6.9” FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး စက္ကူလို ခေါက်လိပ်နိုင်သလို ၊ ခေါက်ပြီး စားပွဲပေါ်မှာ ထောင်ထားနိုင်ပါတယ်။ ထူးခြားတာက ခေါက်ထားရင် Software က 4.6” မျက်နှာပြင် အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။

အဲဒီ ဖုန်းမှာ တခြားထူးခြားတဲ့ လုပ်ဆောင်ချက်တွေလည်း ပါပါတယ်။ Stand လို သုံးရင်  ဖုန်းက User ရဲ့ အဝတ်အစားကို သိနားလည်ပြီး Generative AI ကို အသုံးပြုကာ လိုက်ဖက်တဲ့ Wallpaper ကို ဖန်တီးပေးနိုင်ပါတယ်။

Motorola က အဲဒီပွဲမှာ AI နည်းပညာများစွာကို ပြသခဲ့ပါတယ်။ User တွေဟာ ဓါတ်ပုံကို Upload လုပ်လိုက်တာနဲ့ AI က ဖုန်း Wallpaper တွေကို ဖန်တီးပေးပါတယ်။ Motorola က ပီစီ၊ စမတ်ဖုန်းတွေအတွက် Voice/Text Assistant ဖြစ်တဲ့ MotoAI ကိုလည်း ဖန်တီးနေပါတယ်။

Motorola ရဲ့ လက်ကောက်ဝတ်မှာ ပတ်ထားနိုင်တဲ့ စမတ်ဖုန်းကို ဘယ်အချိန်မှာ ရောင်းချမလဲ ဆိုတာ မသိရသေးပါဘူး။ အဲဒီဖုန်းဟာ မာကျောမှု ရှိမလား၊ လက်မှာ ပတ်ထားရင် သက်တောင့်သက်သာ ရှိမလားဆိုတာတွေကိုတော့ စောင့်ကြည့်ရမှာပါ။

Ref : gizmochina