Razr ကို အရင်နှစ်က ပြန်လည်မွေးဖွားခဲ့ပြီး Foldable မျက်နှာပြင်ပါလာပါတယ်။ ဒါပေမယ့် စတင် ရောင်းချချိန်မှာ Android 9 Pie ပဲ ထည့်သွင်းပေးထားပါတယ်။ အခုတော့ Android 10 Update ရရှိသွားပြီ ဖြစ်ပြီး Google ရဲ့  Android 10 လုပ်ဆောင်ချက်တွေ ပါလာပါတယ်။

Update မှာ Motorola က Quick View လို့ ခေါ်တဲ့ အပြင်ဘက် မျက်နှာပြင်ရဲ့ စွမ်းရည်တွေ ပိုကောင်းလာပါတယ်။ အခုဆိုရင် သင့် ဖုန်းကို ဖွင့်စရာ မလိုဘဲ ဖုန်း ခေါ်နိုင်ပြီ ဖြစ်ပြီး Swipe လုပ်လိုက်တာနဲ့ Quick View ကနေ Favorite Contacts တွေကို ကြည့်နိုင်ပါတယ်။ Smart Reply နဲ့ Quick View Keyboard ပါလာတဲ့အတွက် အပြင်ဘက် မျက်နှာပြင်ကနေ Message တွေကို ဖတ်တာ၊ စာပြန်တာတွေ ပြုလုပ်နိုင်လာပါတယ်။

ကင်မရာ လုပ်ဆောင်ချက်တွေ ပိုကောင်းလာပြီး Group Selfie , Portrait Mode , Spot Color နဲ့ တခြား ကင်မရာ Mode တွေ ထည့်သွင်းထားပါတယ်။ Quick View မှာ ညာဘက်ကို Swipe လုပ်ရင် ကင်မရာကို သုံးနိုင်လာပါတယ်။ ဒါမှမဟုတ် ဖုန်းကို လှုပ်ခါလိုက်ရင်လည်း အိုကေပါတယ်။

Quick View မျက်နှာပြင်မှာ Google Maps က Turn-by-turn Navigation ၊ Spotify ၊ YouTube Music နဲ့ Pandora က Music Player တွေကို ပြသပေးနိုင်လာပါတယ်။ Themes တွေကိုလည်း Customize လုပ်လာနိုင်ပါတယ်။ Update ကို စတင် ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပြီး လာမယ့် ရက်ပိုင်းအတွင်းမှာ ဖုန်း အားလုံးမှာ ရရှိနိုင်ပါတယ်။

Ref : gsmarena