YouTube ဟာ Creator သန်းပေါင်းများစွာအတွက် ဝင်ငွေရနိုင်တဲ့ အရင်းအမြစ် ဖြစ်ပါတယ်။ တစ်ဦးချင်းသာမက ကုမ္ပဏီတွေ၊ မီဒီယာ အေဂျင်စီတွေ၊ သတင်းဌာနတွေဟာ YouTube ကနေ ဝင်ငွေရဖို့ ကြိုးစားနေကြပါတယ်။ YouTube ဟာ အလုပ်အကိုင် သန်းပေါင်းများစွာကို ဖန်တီးပေးထားတယ်လို့ ပြောနိုင်ပါတယ်။

YouTube

သင့် ဗီဒီယိုတွေကို ၁ လ ကြည့်ရှုတဲ့ အချိန်ဟာ မိနစ် ၄,၀၀၀ ပြည့်ပြီး Subscriber ၁,၀၀၀ ရှိရင် YouTube ကနေ ဝင်ငွေ ရနိုင်ပါပြီ။ အဲဒီအတွက် Content Creator တွေအဖို့ Subscriber များများရရှိဖို့ဟာ အလွန် အရေးကြီးလာပါတယ်။ Subscriber များများရလေလေ၊ YouTube ကနေ ဝင်ငွေများများရဖို့ အခွင့်အရေးများလေလေ ဖြစ်ပါတယ်။

YouTube

ဒီလ ၁၇ ရက်နေ့ မတိုင်ခင်အထိ YouTube မှာ Subscriber အများဆုံးက PewDiePie ဖြစ်ပါတယ်။ အခုတော့ သူ့ကို နန်းချသွားသူ ပေါ်လာပါပြီ။ အဲဒါကတော့ MrBeast ဖြစ်ပါတယ်။

တွစ်တာ သုံးစွဲသူ Dexetor က ကမ္ဘာမှာ Subscriber အများဆုံး YouTuber အဖြစ် MrBeast က PewDiePie ကို ကျော်တက်သွားတဲ့ Live View ကို ပို့စ်တင်ထားပါတယ်။ MrBeast Channel ကို Jimmy Donaldson က ၂၀၁၀ ခုနှစ်မှာ စတင် တည်ထောင်ထားတာဖြစ်ပြီး အခုဆိုရင် Subscriber ပေါင်း  ၁၁၁ သန်းကျော် ရနေပါပြီ။

သူ့ရဲ့ ပထမဆုံး အောင်မြင်တဲ့ ဗီဒီယိုကို ကြည့်ရှုသူ သောင်းဂဏန်းရှိခဲ့ပါတယ်။ အဲဒီ ဗီဒီယိုဟာ အူကြောင်ကြောင်နိုင်တယ်လို့ ပြောနိုင်ပြီး Jimmy ဟာ ၁ ကနေ ၁၀၀,၀၀၀ အထိ ဆက်တိုက် ရေတွက်ပြခဲ့တာပါ။ ဗီဒီယိုကြောင့် သူဟာ Subscriber များစွာ ရခဲ့ပါတယ်။ အခုတော့ သူဟာ ကမ္ဘာမှာ Subscriber အများဆုံး YouTuber ဖြစ်လာသလို YouTube မှာ ဝင်ငွေ အကောင်းဆုံး Creator လည်း ဖြစ်ပါတယ်။

Ref : gizchina