Gaming Laptop လို့ဆိုလိုက်ရင် အခုအချိန်မှာ MSI ကို ပြေးမြင်ရလောက်အောင် မြန်မာနိုင်ငံမှာ Msi Gaming Laptop တွေက နာမည်ကြီးနေတာဖြစ်ပါတယ်။ အခုအချိန်မှာလည်း MSI ကနေ နောက်ဆုံး အလန်းစား ကမ္ဘာ့ပထမဆုံး Per-Key RGB Gaming Keyboard ပါဝင်သော MSI GE63VR 7RE Raider Gaming Laptop ကို ထုတ်လုပ်လိုက်ပါတယ်။

အခု MSI GE63VR 7RE Raider Gaming Laptop မှာ ကမ္ဘာ့ပထမဆုံးထွက်ပေါ်လာတဲ့ 8th generation processor ဖြစ်တဲ့ Coffeelake 8th Gen CPU core i7 (8750H) Processor ကို အသုံးပြုထားပြီး Memory DDR4 16GB * 2400 MHz(Max:32GB) , 1TB HDD (7200 RPM) နှင့် 256GB SSD ပါဝင်မှာဖြစ်ပါတယ်။ Gamer တွေအတွက် အရေးအကြီးဆုံးဖြစ်တဲ့ Graphic Card ကိုလည်း nVidiaGeforce GTX 1060 6GB GDDR5 အမျိုးအစားကိုအသုံးပြုထားတဲ့အတွက် Gaming Performance ကို စိုးရိမ်စရာမလိုပဲ အကောင်းဆုံးသော စွမ်းဆောင်ရည်ကို ရရှိစေမှာပါ။

Display ကိုလည်း Anti-glare အပြင် Wide-viewing angle ကနေ ကြည့်ရှုနိုင်တဲ့ 15.6” LED Display Full HD Resolution နဲ့ ပုံဖော်ပြသပေးမှာ ဖြစ်ပါတယ်။၁မီလီစက္ကန့်ပိုမြန်ပြီးအနိုင်ရခဲ့သည့်ကမ္ဘာ့ပထမဆုံး 120Hz 3ms ဂိမ်းအမြန်နှုန်း ဖြစ်သည့် display support ပါရရှိမှာဖြစ်ပါတယ်။ Game Sense Feature ပါ အသုံးပြုနိုင်တဲ့ SteelSeries Engine 3 Gaming ကီးဘုတ်ပါဝင်သောကမ္ဘာ့ပထမဆုံး Per-Key RGB Laptop ဖြစ်ပြီးတော့ Laptop cover ပေါ်မှာပါ RGB lighting ပါဝင်တဲ့အတွက် Gamer တွေအကြိုက်ဖြစ်နေမှာပါ။ Keyboard ကို Per-Key အလင်းပေးခြင်း ကြောင့်ကျည်ဆန် အရေ အတွက်၊ အသက်ဘား၊ ပစ္စည်းများ၏ durability စသည့်ဂိမ်းတွင်းအချက်အလက်များကိုအချိန် နှင့်တစ်ပြေးညီရရှိနိုင်ပြီး တစ်မဟုတ်ခြင်းတုန့်ပြန်နိုင်၍ဂိမ်းကစားရာတွင် အပြည့်အဝထိန်းချုပ်နိုင်မှာပါ။ MSI ရဲ့ ကိုယ်ပိုင် “SHIFT “ Feature ဟာ Gaming Notebook ၏ performance နဲ့ temperature တွင်းရှိစနစ်ထိန်းညှိမှုကိုလုံးဝထိန်းချုပ်ပေးနိုင်ပါတယ်။

ဒါ့အပြင် WLAN ၊ HD Webcam, Bluetooth 4.0 version ၊ HDMI, Display port, USB 3.1 (Data Transfer မှာ၂ဆပိုမြန်ခြင်း) , eSATAတို့ပါဝင်ပါတယ်။ Battery အားဖြင့် 6cells ဖြစ်သော်လည်းအခြား Model များထက် 46 % ပိုပြီးကြာရှည်အသုံးခံနိုင်သောဒီဇိုင်းနှင့် ပြုလုပ်ထားပါတယ်။ Windows 10 Home License ပါရှိပါတယ်။

အခြား MSI ၏ Gaming Feature တွေဖြစ်တဲ့ 4K output ထောက်ပံ့ပေးတဲ့ Matrix Display system (လုပ်ဆောင်ချက်၂မျိုးကို Monitor Display ၂ခုပေါ်မှာတစ်ပြိုင်နက်အသုံးပြုနိုင်တဲ့စနစ်) ၊ဂိမ်းဝါသနာရှင်များအတွက် ခေတ်တစ်ခေတ်ပြောင်းစေနိုင်မည့် အအေးခံမော်ဂျူးပါဝင်သည့် Cooler Boost 5 နည်းပညာ၊Dynaudio Sound တွေကိုစွဲမက်ဖွယ်အာရုံအပြည့်အ၀ ခံစားနိုင်မည့်Nahimic 2+ Sound Technology နှင့်အသံပိုင်းတွင်၅ဆကြီးမားသော Giant Speakers များပါဝင်ပါတယ်။ထို့အပြင် Online ပေါ်က HD Video ၊ High Quality Audio တွေနဲ့ Online Game တွေကိုအထစ်အငေါ့မရှိပဲအသုံးပြုနိုင်မယ့် Killer DoubleShot Pro (Killer Gb LAN + Killer 802.11 a/c WiFi) ပါဝင်ပြီး X-Boost ,WT Fast , Game Sense ,Silver Lining Print , True Color Technology နည်းပညာတွေပါရှိသောကြောင့် Highest end game အမျိုးအစားများကိုပါအသုံးပြု ကစားနိုင်တဲ့ MSI GE63 8RE Raider Gaming Laptop ဖြစ်ပါတယ်။

အခု MSI ရဲ့ စွမ်းဆောင်ရည်မြင့် MSI GE63 8RE Raider Gaming Laptop ဈေးနှုန်း USD 1790 နှင့် MSI ၏တရားဝင် မြန်မာပြည်ကိုယ်စားလှယ်ဖြစ်တဲ့ Royal Smart Company မှ ဖြန့်ချိပေးထားသဖြင့် MSI products များကိုရောင်းချပေးသောအနယ်နယ်အရပ်ရပ်ရှိ IT Dealerဆိုင်များတွင်ဝယ်ယူရရှိနိုင်ပါတယ်။