ဘာစီလိုနာမှာ Mobile Word Congress (MWC) ကို နှစ်တိုင်း ဖေဖော်ဝါရီလ နောက်ဆုံး အပတ် သို့မဟုတ် မတ်လ ပထမဆုံး အပတ်မှာ ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ ကိုဗစ်မွှေတဲ့အတွက် MWC 2020 ကို ဖျက်သိမ်းလိုက်ရပါတယ်။ အခုတော့ GSM Association က နောက်နှစ်မှာ ဇွန်လ ၂၈ ရက်နဲ့ ဇူလိုင်လ ၁ ရက်နေ့အတွင်း ကျင်းပမယ်လို့ အသိပေးလိုက်ပါတယ်။

နောက်နှစ် ဇွန်လမှာ ကိုဗစ် ကပ်ရောဂါ ကမ္ဘာမြေကနေ အပြီးတိုင် ပျောက်ဆုံးသွားဖို့ ဆုတောင်းရမှာပါ။ အဲဒါမှပဲ MWC 2021  ကို ဟိုးအရင်နှစ်တွေတုန်းကလို မြိုင်မြိုင်ဆိုင်ဆိုင် ခမ်းခမ်းနားနား ကျင်းပနိုင်မှာပါ။ နောက်နှစ်မှာ MWC Shanghai 2021 ကို အချိန်ပြောင်းကျင်းပမှာ ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၃ ရက်ကနေ ၂၅ ရက်အတွင်း သတ်မှတ်ထားပါတယ်။ MWC Shanghai ဟာ အာရှ ပစိဖိတ် ဈေးကွက်နဲ့ ဘာစီလိုနာကို မလာကြတဲ့ အဲဒီ နိုင်ငံတွေက Brands တွေအတွက် ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။

GSM Associaton ရဲ့ စီအီးအို John Hoffman က “ MWC Barcelona 2021 ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့အတူ ကျွန်တော်တို့ ယုံကြည်နေပါတယ်။ နည်းပညာ လောက ၁ ခုလုံး အတူတကွ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပနိုင်ဖို့ မျှော်လင့်ပါတယ်။ “ လို့ ပြောပါတယ်။

နောက်နှစ်မှာ MWC Shanghai နဲ့ Barcelona ပွဲကျင်းပချိန်တွေကို လှည့်လိုက်တဲ့အတွက် နှစ်တိုင်း ပွဲ ကျင်းပနေတဲ့ Cycle တွေ မပျက်သွားတော့ပါဘူး။ MWC Los Angeles 2021 ကိုလည်း အောက်တိုဘာလကုန်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

Ref : gsmarena