[Zawgyi]

လက္မွတ္မ်ားကို ဖန္တီးရာႏွင့္ Myanmar RoboLeague Facebook Page မ်ားတြင္ အခမဲ့ရရွိႏိုင္ၿပီ

ျမန္မာႏိုင္ငံ၏ ပထမဆုံး ႏိုင္ငံအဆင့္ စက္႐ုပ္ၿပိဳင္ပြဲျဖစ္ေသာ Myanmar RoboLeague ကို ဇြန္လ ၁ရက္ေန႔ ၂၀၁၉ တြင္ ရန္ကုန္ၿမိဳ႕၊ သိမ္ျဖဴမိုးလုံေလလုံကြင္း၌ က်င္းပသြားမည္ျဖစ္သည္။ အဆိုပါပြဲကို USAID မွ အဓိကပံ့ပိုးၿပီး ဖန္တီးရာမွဦးစီးကာ ပညာေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံပါေမာကၡအသင္းတို႔ႏွင့္အတူ ပူးေပါင္းက်င္းပျခင္းျဖစ္ၿပီး ျမန္မာ ႏိုင္ငံရွိေက်ာင္းသားေက်ာင္းသူမ်ားအၾကား စက္႐ုပ္ေဆာက္ျခင္းႏွင့္ STEM ပညာရပ္ ( Science – သိပၸံပညာ, Technology – နည္းပညာ, Engineering – အင္ဂ်င္နီယာပညာရပ္ and Mathematics – သခ်ၤာပညာရပ္) တိုးတက္ျပန႔္ပြားရန္ ရည္႐ြယ္သည္။

ၿပိဳင္ပြဲဝင္ေက်ာင္းသားေက်ာင္းသူမ်ားအားေ႐ြးခ်ယ္ရာတြင္ Math ႏွင့္ Logic၊ Physics ႏွင့္ Mechanics၊ Electronics၊ Programing၊ IQ Test ႏွင့္ Situational Test အစရွိတဲ့ ဘာသာရပ္၅ခုပါဝင္ေသာ ၉၀မိနစ္စာ အြန္လိုင္းေမးခြန္းမ်ားမွတစ္ဆင့္ စိစစ္ေ႐ြးခ်ယ္ခဲ့သည္။ ျပည္နယ္ႏွင့္တိုင္းတစ္ခုစီအတြက္ ကိုယ္စားျပဳ တကၠသိုလ္တစ္ခုစီ၊ စုစုေပါင္း တကၠသိုလ္ ၁၃ ခုေ႐ြးခ်ယ္ခဲ့ၿပီး ခ်င္းျပည္နယ္ကိုယ္စားျပဳ အသင္းအတြက္ ျပည္နယ္ႏွင့္တိုင္းအသီးသီးရွိ တကၠသိုလ္မ်ားတြင္ တက္ေရာက္ေနေသာ ခ်င္းတိုင္းရင္းသားမ်ားပါဝင္သည့္ အသင္းက ကိုယ္စားျပဳပါဝင္သြားမည္ျဖစ္သည္။ Myanmar RoboLeague တြင္ ပါဝင္ယွဥ္ၿပိဳင္မည့္ တိုင္း/ျပည္နယ္ကိုယ္စားျပဳ တကၠသိုလ္မ်ားစာရင္းမွာ –

အဆိုပါၿပိဳင္ပြဲအား မနက္ ၁၀နာရီတြင္ စတင္က်င္းပမည္ျဖစ္ၿပီး၊ အသင္း ၁၄ သင္းမွ ပြဲစဥ္ ၇ပြဲ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ၿပီး အႏိုင္ရရွိေသာအသင္းမ်ားမွ ပြဲစဥ္ ၄ခု ထပ္မံယွဥ္ၿပိဳင္ရမည္ျဖစ္၍ စုစုေပါင္း ၅နာရီခန႔္ ၾကာျမင့္မည္ျဖစ္သည္။ ၿပိဳင္ပြဲအား မည္သူမဆိုစာရင္းေပးကာ လာေရာက္ၾကည့္ရႈႏိုင္ၿပီး အြန္လိုင္းလက္မွတ္မ်ားကို Myanmar RoboLeague ႏွင့္ ဖန္တီးရာ Facebook Page တြင္ သြားေရာက္ထုတ္ယူႏိုင္ၿပီျဖစ္သည္။

[Unicode]

မြန်မာနိုင်ငံ၏ ပထမဦးဆုံး နိုင်ငံအဆင့် စက်ရုပ်ပြိုင်ပွဲကြီးဖြစ်သည့် MYANMAR ROBOLEAGUE အား ဇွန်လ ၁ရက်နေ့၊ ၂၀၁၉ ခုနှစ်တွင် သိမ်ဖြူအားကစားကွင်း၌ ကျင်းပသွားမည်

လက်မှတ်များကို ဖန်တီးရာနှင့် Myanmar RoboLeague Facebook Page များတွင် အခမဲ့ရရှိနိုင်ပြီ

မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံအဆင့် စက်ရုပ်ပြိုင်ပွဲဖြစ်သော Myanmar RoboLeague ကို ဇွန်လ ၁ရက်နေ့ ၂၀၁၉ တွင် ရန်ကုန်မြို့၊ သိမ်ဖြူမိုးလုံလေလုံကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပွဲကို USAID မှ အဓိကပံ့ပိုးပြီး ဖန်တီးရာမှဦးစီးကာ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံပါမောက္ခအသင်းတို့နှင့်အတူ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး မြန်မာ နိုင်ငံရှိကျောင်းသားကျောင်းသူများအကြား စက်ရုပ်ဆောက်ခြင်းနှင့် STEM ပညာရပ် ( Science – သိပ္ပံပညာ, Technology – နည်းပညာ, Engineering – အင်ဂျင်နီယာပညာရပ် and Mathematics – သင်္ချာပညာရပ်) တိုးတက်ပြန့်ပွားရန် ရည်ရွယ်သည်။

ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများအားရွေးချယ်ရာတွင် Math နှင့် Logic၊ Physics နှင့် Mechanics၊ Electronics၊ Programing၊ IQ Test နှင့် Situational Test အစရှိတဲ့ ဘာသာရပ်၅ခုပါဝင်သော ၉၀မိနစ်စာ အွန်လိုင်းမေးခွန်းများမှတစ်ဆင့် စိစစ်ရွေးချယ်ခဲ့သည်။ ပြည်နယ်နှင့်တိုင်းတစ်ခုစီအတွက် ကိုယ်စားပြု တက္ကသိုလ်တစ်ခုစီ၊ စုစုပေါင်း တက္ကသိုလ် ၁၃ ခုရွေးချယ်ခဲ့ပြီး ချင်းပြည်နယ်ကိုယ်စားပြု အသင်းအတွက် ပြည်နယ်နှင့်တိုင်းအသီးသီးရှိ တက္ကသိုလ်များတွင် တက်ရောက်နေသော ချင်းတိုင်းရင်းသားများပါဝင်သည့် အသင်းက ကိုယ်စားပြုပါဝင်သွားမည်ဖြစ်သည်။ Myanmar RoboLeague တွင် ပါဝင်ယှဉ်ပြိုင်မည့် တိုင်း/ပြည်နယ်ကိုယ်စားပြု တက္ကသိုလ်များစာရင်းမှာ –

အဆိုပါပြိုင်ပွဲအား မနက် ၁၀နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး၊ အသင်း ၁၄ သင်းမှ ပွဲစဉ် ၇ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အနိုင်ရရှိသောအသင်းများမှ ပွဲစဉ် ၄ခု ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်၍ စုစုပေါင်း ၅နာရီခန့် ကြာမြင့်မည်ဖြစ်သည်။ ပြိုင်ပွဲအား မည်သူမဆိုစာရင်းပေးကာ လာရောက်ကြည့်ရှုနိုင်ပြီး အွန်လိုင်းလက်မှတ်များကို Myanmar RoboLeague နှင့် ဖန်တီးရာ Facebook Page တွင် သွားရောက်ထုတ်ယူနိုင်ပြီဖြစ်သည်။