Reno စီးရီးဟာ OPPO ရဲ့ အောင်မြင်တဲ့ စီးရီးတစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဧပြီတုန်းကမှ OPPO Reno , Reno 10x Zoom တို့နဲ့ အစပြုခဲ့တဲ့ Reno စီးရီးမှာ မိသားစုဝင်ပေါင်း ၁၇ ခုထိရှိခဲ့ပါပြီ။ Reno တွေရဲ့ Periscope ကင်မရာက သုံးစွဲသူတွေကြားမှာ ရေပန်းစားအောင်မြင်ရတဲ့ အကြောင်းရင်းလို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။

အခုလည်း OPPO ရဲ့ အမည်မသိရသေးတဲ့ Device နှစ်ခုကို TENAA မှာ တွေ့မြင်လာရပြန်ပါပြီ။ မော်ဒယ်နံပါတ် PDYM20 နဲ့ PDYT20 တို့ကို တရုတ်ရဲ့ TENAA အေဂျင်စီမှာ တွေ့မြင်ရတာ ဖြစ်ပါတယ်။ ခန့်မှန်းချက်တွေအရ ဒီမော်ဒယ်တွေဟာ လာမယ့် Reno 10x Mark2 ဖြစ်နိုင်ခြေများပါတယ်။

Listing နှစ်ခုလုံးကနေ ဖော်ပြနေတဲ့ Specs တွေကတော့ 6.5-inch မျက်နှာပြင်ရှိမှာဖြစ်ပြီး Dual-mode 5G စမတ်ဖုန်းလည်း ဖြစ်တာကို တွေ့ရပါတယ်။ ဘက်ထရီပမာဏကတော့ 3,945mAh ပမာဏဖြစ်ပြီး Android 10 မောင်းနှင်ထားတာလည်း ဖြစ်ပါတယ်။ အရွယ်အစားကတော့ 162.2×75.0x7.9mm ဖြစ်ပါတယ်။

လက်ရှိတွေ့မြင်ရတဲ့အချက်အလက်တွေအရဆိုရင် Reno 10x zoom နဲ့ ဆင်တူပေမယ့် အနည်းငယ် ပိုကျဉ်းမြောင်းပြီး ပိုပါးတာကိုလည်း တွေ့ရပါတယ်။ အခုဖော်ပြထားတဲ့အချက်အလက်က သိရသမျှအကုန်ဖြစ်တာကြောင့် နောက်ထပ်အသေးစိတ်သိရဖို့ ထပ်ပြီးစောင့်ဆိုင်းရပါဦးမယ်။

ကောလာဟလတွေအရတော့ Reno 10x Mark 2 ဟာ စွမ်းဆောင်ရည်မြင့် Snapdragon 865 chipset နဲ့ 5x optical, 100x digital zoom တွေပါဝင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် OIS စနစ်အသစ်၊ 90Hz AMOLED မျက်နှာပြင်၊ In-display fingerprint scanner တွေနဲ့ဖြစ်ပြီး Reno 4 စီးရီးနဲ့အတူ ဖြန့်ချိမယ်လို့ ဆိုထားပါတယ်။

Ref: GSM Arena