Zawgyi

Redmi ပရိသတ္ေတြကေတာ့ K20 စီးရီးရဲ႕ ေအာင္ျမင္မႈေတြကို အတူခံစားၿပီးတဲ့ေနာက္မွာ Redmi K30 ကို ေစာင့္ေမွ်ာ္ေနၾကပါၿပီ။ K20 စီးရီးတုန္းကလုိပဲ K30 လုိင္းအပ္ဟာလည္း Redmi K30 နဲ႔ K30 Pro ဆုိၿပီး ဗားရွင္းႏွစ္ခု ထြက္လာမယ္လို႔ ယူဆရပါတယ္။

Redmi K30 အတြက္ အသိသာဆုံး Upgrade တစ္ခုက 5G ခ်ိတ္ဆက္ႏုိင္စြမ္းပဲျဖစ္ၿပီး ယခုအခါမွာ ေမာ္ဒယ္နံပါတ္ M1911U2E လို႔အမည္ေပးထားတဲ့ Xiaomi စမတ္ဖုန္းတစ္လုံးဟာ တရုတ္ျပည္တြင္းက Database တစ္ခုေပၚမွာ ထြက္ေပၚလာခဲ့ပါတယ္။ ဒီဖုန္းမွာ 5G ခ်ိတ္ဆက္ႏုိင္စြမ္း ပါဝင္လာတဲ့အတြက္ ေတာ္ေတာ္မ်ားမ်ားက Redmi K30 ပဲျဖစ္မယ္လို႔ ထင္ေၾကးေပးေနၾကပါတယ္။

NRA အတည္ျပဳခ်က္ကုိရယူလာတဲ့ M1911U2E ဖုန္းမွာ 5G ပါတယ္ဆုိတာကလြဲၿပီး က်န္တဲ့အခ်က္အလက္ေတြကို မေဖာ္ျပလာေသးပါဘူး။ Redmi ရဲ႕ GM ျဖစ္တဲ့ Lu Weibing ဟာ Redmi K30 ဖုန္းရဲ႕အနာဂါတ္အစီအစဥ္ကို ၿပီးခဲ့တဲ့ ၾသဂုတ္လမွာ ပထမဆုံးအႀကိမ္ အသိေပးလာခဲ့တာပါ။ ၿပီးခဲ့တဲ့လက Redmi 8 စီးရီးကို တရုတ္ႏုိင္ငံအတြင္း မိတ္ဆက္စဥ္မွာလည္း Weibing ဟာ Redmi K30 မွာ 5G အတြက္ SA နဲ႔ NSA Dual Mode ႏွစ္ခုလုံးပါဝင္လာမယ္လို႔ ထပ္မံထုတ္ေဖာ္ေျပာခဲ့ပါေသးတယ္။

ဒါ့အျပင္ ဖုန္းအသစ္ရဲ႕ Display ဒီဇုိင္းကိုလည္း အနည္းငယ္ Tease လုပ္ခဲ့ၿပီး သူျပသခဲ့တဲ့ Presentation ထဲမွာ Redmi K30 ရဲ႕ Selfie ကင္မရာကို ျပသခဲ့တာပါ။ Redmi K30 ရဲ႕အေပၚညာဘက္ေထာင့္မွာ ေဆးေထာင့္ပုံသ႑ာန္ Selfie ေနရာေလးကို ျမင္ေတြ႕ရၿပီး အထဲမွာေတာ့ ေရွ႕ကင္မရာႏွစ္လုံးကို ထည့္ထားတာ ေတြ႕ခဲ့ရပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ M1911U2E ဟာ K30 က်ိန္းေသျဖစ္မယ္လို႔ ေျပာလို႔ေတာ့ မရေသးပါဘူး။ လက္ရွိ 5G စမတ္ဖုန္းေစ်းကြက္ႀကီးထြားလာတဲ့ တရုတ္ေစ်းကြက္အတြက္ Xiaomi ရဲ႕ အျခားေျခလွမ္းတစ္ခုလည္း ျဖစ္ႏုိင္ပါေသးတယ္။ ဒါေပမယ့္ လာမယ့္ရက္အနည္းငယ္အတြင္းမွာ ဒီဖုန္းနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို ပိုၿပီးသိလာရမွာပါ။

Ref – Gizmo China

Unicode

Redmi ပရိသတ်တွေကတော့ K20 စီးရီးရဲ့ အောင်မြင်မှုတွေကို အတူခံစားပြီးတဲ့နောက်မှာ Redmi K30 ကို စောင့်မျှော်နေကြပါပြီ။ K20 စီးရီးတုန်းကလိုပဲ K30 လိုင်းအပ်ဟာလည်း Redmi K30 နဲ့ K30 Pro ဆိုပြီး ဗားရှင်းနှစ်ခု ထွက်လာမယ်လို့ ယူဆရပါတယ်။

Redmi K30 အတွက် အသိသာဆုံး Upgrade တစ်ခုက 5G ချိတ်ဆက်နိုင်စွမ်းပဲဖြစ်ပြီး ယခုအခါမှာ မော်ဒယ်နံပါတ် M1911U2E လို့အမည်ပေးထားတဲ့ Xiaomi စမတ်ဖုန်းတစ်လုံးဟာ တရုတ်ပြည်တွင်းက Database တစ်ခုပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီဖုန်းမှာ 5G ချိတ်ဆက်နိုင်စွမ်း ပါဝင်လာတဲ့အတွက် တော်တော်များများက Redmi K30 ပဲဖြစ်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။

NRA အတည်ပြုချက်ကိုရယူလာတဲ့ M1911U2E ဖုန်းမှာ 5G ပါတယ်ဆိုတာကလွဲပြီး ကျန်တဲ့အချက်အလက်တွေကို မဖော်ပြလာသေးပါဘူး။ Redmi ရဲ့ GM ဖြစ်တဲ့ Lu Weibing ဟာ Redmi K30 ဖုန်းရဲ့အနာဂါတ်အစီအစဉ်ကို ပြီးခဲ့တဲ့ သြဂုတ်လမှာ ပထမဆုံးအကြိမ် အသိပေးလာခဲ့တာပါ။ ပြီးခဲ့တဲ့လက Redmi 8 စီးရီးကို တရုတ်နိုင်ငံအတွင်း မိတ်ဆက်စဉ်မှာလည်း Weibing ဟာ Redmi K30 မှာ 5G အတွက် SA နဲ့ NSA Dual Mode နှစ်ခုလုံးပါဝင်လာမယ်လို့ ထပ်မံထုတ်ဖော်ပြောခဲ့ပါသေးတယ်။

ဒါ့အပြင် ဖုန်းအသစ်ရဲ့ Display ဒီဇိုင်းကိုလည်း အနည်းငယ် Tease လုပ်ခဲ့ပြီး သူပြသခဲ့တဲ့ Presentation ထဲမှာ Redmi K30 ရဲ့ Selfie ကင်မရာကို ပြသခဲ့တာပါ။ Redmi K30 ရဲ့အပေါ်ညာဘက်ထောင့်မှာ ဆေးထောင့်ပုံသဏ္ဍာန် Selfie နေရာလေးကို မြင်တွေ့ရပြီး အထဲမှာတော့ ရှေ့ကင်မရာနှစ်လုံးကို ထည့်ထားတာ တွေ့ခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ M1911U2E ဟာ K30 ကျိန်းသေဖြစ်မယ်လို့ ပြောလို့တော့ မရသေးပါဘူး။ လက်ရှိ 5G စမတ်ဖုန်းဈေးကွက်ကြီးထွားလာတဲ့ တရုတ်ဈေးကွက်အတွက် Xiaomi ရဲ့ အခြားခြေလှမ်းတစ်ခုလည်း ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် လာမယ့်ရက်အနည်းငယ်အတွင်းမှာ ဒီဖုန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပိုပြီးသိလာရမှာပါ။

Ref – Gizmo China