[Zawgyi]

ျမန္မာႏိုင္ငံ၏ ေခတ္အမွီဆုံးႏွင့္ ဂ႐ုအစိုက္ဆုံး ဆက္သြယ္ေရးေအာ္ပေရတာျဖစ္ေသာ Mytel သည္ 5G နည္းပညာ စမ္းသပ္မႈအား ေအာင္ျမင္စြာ စမ္းသပ္ႏိုင္ခဲ့သည့္ ျမန္မာႏိုင္ငံ၏ ပထမဦးဆုံး ဆက္သြယ္ေရး ေအာ္ပေရတာ တစ္ခု ျဖစ္လာခဲ့ပါသည္။ ယခုကဲ့သို႔ ေအာင္ျမင္စြာ စမ္းသပ္ႏိုင္ခဲ့မႈေၾကာင့္ Mytel သည္ ျမန္မာႏိုင္ငံအား 5G ကြန္ရက္ကို ေအာင္ျမင္စြာ ယူေဆာင္လာႏိုင္ခဲ့သည့္ အေစာဆုံးႏိုင္ငံတစ္ႏိုင္ငံ ျဖစ္လာေစခဲ့ပါသည္။ ယခုလုပ္ေဆာင္ႏိုင္မႈသည္လည္း Mytel ၏ မွတ္တိုင္သစ္တစ္ခု ျဖစ္လာခဲ့ၿပီး Mytel သည္လည္း ျမန္မာျပည္ရွိ မိုဘိုင္းသုံးစြဲသူမ်ားအတြက္ အသစ္သစ္ေသာ ေခတ္မီ နည္းပညာမ်ားကို အစဥ္အၿမဲ ယူေဆာင္လာေပးလ်က္ရွိေသာ ေရွ႕ေျပးတီထြင္သူအျဖစ္ ေအာင္ျမင္စြာ မွတ္ေက်ာက္တင္ႏိုင္ခဲ့ၿပီျဖစ္ပါသည္။

၂၀၁၉ ၊ ဇူလိုင္လ ၃၁ ရက္ေန႔တြင္ Mytel ႐ုံး၌ 5G နည္းပညာစမ္းသပ္သည့္ အစီအစဥ္ကို ေအာင္ျမင္စြာ က်င္းပႏိုင္ခဲ့ျခင္းေၾကာင့္ Mytel အေနျဖင့္ ႏိုင္ငံတကာရွိ ဆက္သြယ္ေရး ေအာ္ပေရတာမ်ားအနက္ 5G စမ္းသပ္ႏိုင္ခဲ့သည့္ ေအာ္ပေရတာတစ္ခု အျဖစ္ အသိအမွတ္ျပဳခံရႏိုင္မည့္ အခြင့္အေရးကိုလည္း ေကာင္းမြန္စြာ သိရွိနားလည္ထားပါသည္။ အျမန္ႏႈန္းစမ္းသပ္မႈအား C band (3.5 GHz) ျဖင့္ စမ္းသပ္ခဲ့ပါသည္။ စမ္းသပ္ေနစဥ္အတြင္း အျမင့္ဆုံးေရာက္ရွိသြားေသာ ျမန္ႏႈန္းမွာ 1.6 Gbps အထိရွိၿပီး ထိုျမန္ႏႈန္းမွာ 4G ကြန္ရက္ ထက္ မ်ားစြာ ျမန္ဆန္လွၿပီး 4G ကြန္ရက္ျဖင့္ အသုံးျပဳမည္ဆိုပါက 150 Mbps ခန႔္သာရွိမည္ျဖစ္သည္။

“ကြၽန္ေတာ္တို႔ ေျပာေနၾကအတိုင္းပဲ Mytel က သုံးစြဲသူေတြကို အၿမဲရင္ခုန္စိတ္လႈပ္ရွားမႈေတြ ေပးသြားမွာပါ။ အခုလို 5G ကြန္ရက္ကို Mytel သုံးစြဲသူေတြအတြက္ အသုံးျပဳႏိုင္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တဲ့ ပထမဆုံး ဆက္သြယ္ေရး ေအာ္ပေရတာတစ္ခု ျဖစ္လာတဲ့အတြက္လည္း တကယ္ ဂုဏ္ယူဝမ္းေျမာက္မိပါတယ္။ 5G ကြန္ရက္ကို အသုံးျပဳၾကည့္တဲ့အခါ တကယ္ကို တစ္မူထူးျခားတဲ့ ခံစားမႈမ်ိဳးရမွာပါ။ မ်ားမၾကာမီအခ်ိန္အတြင္းမွာလည္း လူအသြားအလာမ်ားတဲ့ ေနရာေတြမွာ ကြၽန္ေတာ္တို႔ရဲ႕ 5G ကြန္ရက္ ေထာက္ပံ့ေပးသြားဖို႔ရွိပါတယ္။” လို႔ Mytel ၏ ျပင္ပဆက္ဆံေရး အမႈေဆာင္အရာရွိခ်ဳပ္ ဦးေဇာ္မင္းဦးမွ ေျပာၾကားခဲ့ပါသည္။

ဂ႐ုအစိုက္ဆုံး ေအာ္ပေရတာတစ္ခုအေနျဖင့္ Mytel သည္ မၾကာမီအခ်ိန္အတြင္းမွာ 5G network အား ေဈးကြက္ထဲတြင္ တရားဝင္ေရာင္းခ်ေပးသြားႏိုင္ေတာ့မွာျဖစ္ပါသည္။ ယခုကဲ့သို႔ နည္းပညာသစ္ႀကီးအား Mytel မွ ျမန္မာႏိုင္ငံ သို႔ ယူေဆာင္လာေပးႏိုင္ခဲ့သလို ေနာင္အနာဂတ္မ်ားတြင္လည္း Mytel မွ ဆန္းသစ္ေသာ နည္းပညာမ်ား ႏွင့္ ထူးျခားေကာင္းမြန္ေသာ တိုးတက္မႈမ်ားကို ေဆာင္က်ဥ္းေပးႏိုင္ရန္ အစဥ္ ႀကိဳးစားလ်က္ရွိၿပီး ေခတ္မီအဆန္းသစ္ဆုံး တီထြင္မႈမ်ားကို သက္သာေသာႏႈန္းထားမ်ားျဖင့္ ျဖန႔္ျဖဴးေပးသြားမည္ျဖစ္ပါသည္။

[Unicode]

Mytel သည် 5G ကို မြန်မာနိုင်ငံ သို့ ယူဆောင်လာပေးနိုင်သော ပထမဆုံးဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်လာ

မြန်မာနိုင်ငံ၏ ခေတ်အမှီဆုံးနှင့် ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရေတာဖြစ်သော Mytel သည် 5G နည်းပညာ စမ်းသပ်မှုအား အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဆက်သွယ်ရေး အော်ပရေတာ တစ်ခု ဖြစ်လာခဲ့ပါသည်။ ယခုကဲ့သို့ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့မှုကြောင့် Mytel သည် မြန်မာနိုင်ငံအား 5G ကွန်ရက်ကို အောင်မြင်စွာ ယူဆောင်လာနိုင်ခဲ့သည့် အစောဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်လာစေခဲ့ပါသည်။ ယခုလုပ်ဆောင်နိုင်မှုသည်လည်း Mytel ၏ မှတ်တိုင်သစ်တစ်ခု ဖြစ်လာခဲ့ပြီး Mytel သည်လည်း မြန်မာပြည်ရှိ မိုဘိုင်းသုံးစွဲသူများအတွက် အသစ်သစ်သော ခေတ်မီ နည်းပညာများကို အစဉ်အမြဲ ယူဆောင်လာပေးလျက်ရှိသော ရှေ့ပြေးတီထွင်သူအဖြစ် အောင်မြင်စွာ မှတ်ကျောက်တင်နိုင်ခဲ့ပြီဖြစ်ပါသည်။

၂၀၁၉ ၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် Mytel ရုံး၌ 5G နည်းပညာစမ်းသပ်သည့် အစီအစဉ်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းကြောင့် Mytel အနေဖြင့် နိုင်ငံတကာရှိ ဆက်သွယ်ရေး အော်ပရေတာများအနက် 5G စမ်းသပ်နိုင်ခဲ့သည့် အော်ပရေတာတစ်ခု အဖြစ် အသိအမှတ်ပြုခံရနိုင်မည့် အခွင့်အရေးကိုလည်း ကောင်းမွန်စွာ သိရှိနားလည်ထားပါသည်။ အမြန်နှုန်းစမ်းသပ်မှုအား C band (3.5 GHz) ဖြင့် စမ်းသပ်ခဲ့ပါသည်။ စမ်းသပ်နေစဉ်အတွင်း အမြင့်ဆုံးရောက်ရှိသွားသော မြန်နှုန်းမှာ 1.6 Gbps အထိရှိပြီး ထိုမြန်နှုန်းမှာ 4G ကွန်ရက် ထက် များစွာ မြန်ဆန်လှပြီး 4G ကွန်ရက်ဖြင့် အသုံးပြုမည်ဆိုပါက 150 Mbps ခန့်သာရှိမည်ဖြစ်သည်။

“ကျွန်တော်တို့ ပြောနေကြအတိုင်းပဲ Mytel က သုံးစွဲသူတွေကို အမြဲရင်ခုန်စိတ်လှုပ်ရှားမှုတွေ ပေးသွားမှာပါ။ အခုလို 5G ကွန်ရက်ကို Mytel သုံးစွဲသူတွေအတွက် အသုံးပြုနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ပထမဆုံး ဆက်သွယ်ရေး အော်ပရေတာတစ်ခု ဖြစ်လာတဲ့အတွက်လည်း တကယ် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ 5G ကွန်ရက်ကို အသုံးပြုကြည့်တဲ့အခါ တကယ်ကို တစ်မူထူးခြားတဲ့ ခံစားမှုမျိုးရမှာပါ။ များမကြာမီအချိန်အတွင်းမှာလည်း လူအသွားအလာများတဲ့ နေရာတွေမှာ ကျွန်တော်တို့ရဲ့ 5G ကွန်ရက် ထောက်ပံ့ပေးသွားဖို့ရှိပါတယ်။” လို့ Mytel ၏ ပြင်ပဆက်ဆံရေး အမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးမှ ပြောကြားခဲ့ပါသည်။

ဂရုအစိုက်ဆုံး အော်ပရေတာတစ်ခုအနေဖြင့် Mytel သည် မကြာမီအချိန်အတွင်းမှာ 5G network အား ဈေးကွက်ထဲတွင် တရားဝင်ရောင်းချပေးသွားနိုင်တော့မှာဖြစ်ပါသည်။ ယခုကဲ့သို့ နည်းပညာသစ်ကြီးအား Mytel မှ မြန်မာနိုင်ငံ သို့ ယူဆောင်လာပေးနိုင်ခဲ့သလို နောင်အနာဂတ်များတွင်လည်း Mytel မှ ဆန်းသစ်သော နည်းပညာများ နှင့် ထူးခြားကောင်းမွန်သော တိုးတက်မှုများကို ဆောင်ကျဉ်းပေးနိုင်ရန် အစဉ် ကြိုးစားလျက်ရှိပြီး ခေတ်မီအဆန်းသစ်ဆုံး တီထွင်မှုများကို သက်သာသောနှုန်းထားများဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ပါသည်။