[Zawgyi]
ထိုဗီဒီယိုတွင် Mytel 5G ကွန်ရက်၏ Download Speed မှာ 1.6 Gbps ခန့်ရှိသည်ဟု မြင်တွေ့ရသည်၊ သာမန် 4G ကွန်ရက်၏ Download Speed မှာ 150 Mbps ခန့်သာရှိသည်။ Mytel ၏ 5G ကွန်ရက်၏ Upload Speed မှာ 115 Mbps ခန့်ရှိကြောင်းလည်း မြင်တွေ့ရသည်။
[Unicode]
Mytel ဝန်ထမ်းတစ်ဦးမှ Mytel 5G-speed test ဗီဒီယိုအား ဖော်ထုတ်
Thịnh Hồ Lô ဖေ့ဘုတ်အမည်ရှိသော Mytel ဝန်ထမ်းတစ်ဦးမှ Mytel 5G speed test စမ်းသပ်နေသော ဗီဒီယိုအား မနေ့က နေ့လည် ၁၂နာရီခန့် တွင် သူ၏ဖေ့ဘုတ်စာမျက်နှာပေါ်၌ တင်ခဲ့သည်။ အဆိုပါ ဗီဒီယိုတွင် Mytel ၏ 5G ကွန်ရက်အား ရန်ကုန်မြို့အတွင်းစမ်းသပ်နေသည်ဟု ဖော်ပြထားသည်။
ထိုဗီဒီယိုတွင် Mytel 5G ကွန်ရက်၏ download speed မှာ 1.6 Gbps ခန့်ရှိသည်ဟု မြင်တွေ့ရသည်၊ သာမန် 4G ကွန်ရက်၏ download speed မှာ 150 Mbps ခန့်သာရှိသည်။ Mytel ၏ 5G ကွန်ရက်၏ upload speed မှာ 115 Mbps ခန့်ရှိကြောင်းလည်း မြင်တွေ့ရသည်။
အဆိုပါ post တွင် “Mytel ရဲ့ မြန်မာနိုင်ငံမှာ ပထမဦးဆုံး 5G စမ်းသပ်ချက်ကတော့ အောင်မြင်သွားလို့ ဂုဏ်ယူနေပါပြီနော်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံး မိတ်ဆက်ပေးနိုင်တာဆိုတော့ အရမ်းတွေ ရင်ခုန်နေပြီလေ။” ဟု ရေးသားထားပါသည်။
မူရင်းလင့် – https://www.facebook.com/thinholo/posts/10212405885341433