[Zawgyi]

ျမန္မာႏိုင္ငံ၏ ေခတ္မီအဆန္းသစ္ဆုံးႏွင့္ ဂ႐ုအစိုက္ဆုံး ဆက္သြယ္ေရးေအာ္ပေရတာ Mytel သည္ ျမန္မာႏိုင္ငံရွိ သုံးစြဲသူမ်ား eSIM အသုံးျပဳႏိုင္ေစရန္ ပထမဆုံးယူေဆာင္လာေပးသည့္ ေအာ္ပေရတာျဖစ္ၿပီး အစမ္းေရာင္းခ်ကာလအျဖစ္ ဧၿပီလ ၈ရက္ေန႔မွ ေမလ ၇ရက္ေန႔အထိ သတ္မွတ္ထားကာ eSIM ကို Mytel အေရာင္းဆိုင္မ်ားတြင္ ပုံမွန္ဆင္းကဒ္ေစ်းႏႈန္း ၁၅၀၀ က်ပ္အတိုင္း ဝယ္ယူသုံးစြဲႏိုင္ၾကမည္ ျဖစ္သည္။

Mytel ႏွင့္ လက္တြဲပူးေပါင္းလက္တြဲလုပ္ကိုင္လွ်က္ရွိၿပီး ေနာက္ဆုံးေပၚနည္းပညာမ်ားကို ေထာက္ပံ့ေပးလ်က္ရွိေသာ Viettel မွလည္း ဗီယက္နမ္ႏိုင္ငံအတြက္ eSIM အစမ္းစတင္သုံးစြဲမႈကို မၾကာေသးခင္ကမွ မိတ္ဆက္ေပးခဲ့သည္။ Mytel အေနျဖင့္ ဆက္သြယ္ေရးေလာက၏ ႀကီးမားေသာ တီထြင္ဆန္းသစ္မႈတစ္ခုအျဖစ္ အားလုံးက အသိအမွတ္ျပဳၾကၿပီး အေၾကာင္းအရင္းအမ်ိဴးမ်ိဴးေၾကာင့္ စမတ္ဖုန္းထုတ္လုပ္ေသာကုမၸဏီမ်ား၊ ဆက္သြယ္ေရး ေအာ္ပေရတာမ်ားႏွင့္ သုံးစြဲသူမ်ားၾကား စိတ္ဝင္စားမႈမ်ား၊ စိတ္လႈပ္ရွားမႈမ်ားျဖစ္ေစသည့္ နည္းပညာေရစီးေၾကာင္း တစ္ခုျဖစ္ေသာ eSIM ကို ျမန္မာႏိုင္ငံရွိ သုံးစြဲသူမ်ားကိုလည္း စမ္းသပ္အသုံးျပဳေစလိုျခင္း ျဖစ္သည္။

Mytel ၏ ျပင္ပဆက္ဆံေရးအမႈေဆာင္အရာရွိခ်ဴပ္ျဖစ္သူ ဦးေဇာ္မင္းဦးမွ eSIM နည္းပညာယူေဆာင္လာျခင္းႏွင့္ ပတ္သက္ၿပီး ယခုလိုေျပာျပခဲ့သည္။ “ Mytel အေနနဲ႔ ျမန္မာႏိုင္ငံက သုံးစြဲသူေတြအတြက္ eSIM နည္းပညာကို အစမ္းစတင္သုံးစြဲၾကည့္ႏိုင္ၾကဖို႔ မိတ္ဆက္ေပးလိုက္တာ ျဖစ္ပါတယ္။ အျခားေအာ္ပေရတာေတြနဲ႔ မတူပဲ နည္းပညာသစ္၊ တီထြင္ဆန္းသစ္မႈ အသစ္ေတြကို သုံးစြဲသူေတြဆီ အၿမဲတမ္းေရွ႕ကဦးေဆာင္ ေထာက္ပံ့ေပးႏိုင္တဲ့ အတြက္လည္း Mytel က အရမ္းဂုဏ္ယူမိပါတယ္။”

eSIM သည္ စမတ္ဖုန္းမ်ားတြင္ ထည့္သြင္းျမႇပ္ႏွံထားသည့္ အီလက္ထေရာနစ္ဆင္းကဒ္ျဖစ္ၿပီး မိမိ၏ ကိုယ္ေရးကိုယ္တာအခ်က္အလက္မ်ားႏွင့္ အသုံးျပဳေနေသာကြန္ရက္ဆိုင္ရာေဒတာမ်ားကို Physical ဆင္းကဒ္မလိုဘဲ သိမ္းဆည္းအတည္ျပဳႏိုင္သည့္ ဒစ္ဂ်စ္တယ္ဆင္းကဒ္စနစ္လည္း ျဖစ္သည္။ သို႔ျဖစ္ေသာေၾကာင့္ စီးပြားေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ စီးပြားေရးသုံးျဖစ္ေစ၊ ကိုယ္ေရးကိုယ္တာအတြက္ျဖစ္ေစ အဆင္ေျပလြယ္ကူစြာ အသုံးျပဳႏိုင္မည္ျဖစ္သည္။ ဖုန္းနံပါတ္တစ္ခုထက္ပို၍ ကိုင္ေဆာင္ထားေသာ သုံးစြဲသူမ်ားအတြက္လည္း ဆင္းကဒ္ထည့္သြင္းရန္ေနရာ (Sim Card Slot) အတြက္ ေၾကာင့္ၾကရမႈႏွင့္ Physical ဆင္းကဒ္ေပ်ာက္ဆုံးမႈ၊ ပ်က္စီးမႈမ်ား မရွိေတာ့သည့္အတြက္ ကြန္ရက္အသုံးျပဳရာတြင္ အေကာင္းမြန္ဆုံးအေတြ႕အႀကဳံကို ခံစားရရွိႏိုင္ၾကမည္ျဖစ္သည္။

ႏိုင္ငံရပ္ျခားသို႔ ခရီးမၾကာခဏသြားေရာက္ေလ့ရွိသည့္ ခရီးသြားမ်ားသည္ Roaming သီးသန႔္ eSIM ထည့္သြင္းထားႏိုင္ျခင္းေၾကာင့္ ၄င္းတို႔၏ လက္ရွိအသုံးျပဳေနေသာ ဆင္းကဒ္ကို ထုတ္ျခင္း၊ သြားေရာက္ေသာႏိုင္ငံရွိ ကြန္ရက္မွ ဆင္းကဒ္မ်ားကို ျပန္လည္ဝယ္ယူအသုံးျပဳရျခင္းစသည့္ အခက္အခဲမ်ားကို နည္းပါးေစေသာေၾကာင့္လည္း eSIM သည္ ခရီးသြားမ်ားအတြက္ အလြန္အဆင္ေျပေစသည္။ Mytel eSIM အသုံးျပဳသူမ်ားအေနျဖင့္ မကာအို၊ အင္ဒိုနီးရွား၊ ထိုင္း၊ လာအို၊ ဗီယက္နမ္၊ ကေမာၻဒီးယား၊ ကေနဒါႏွင့္ အျခားေသာ ႏိုင္ငံေပါင္း ၁၂ႏိုင္ငံရွိ eSIM နည္းပညာေထာက္ပံ့ေသာ ဆက္သြယ္ေရးကြန္ရက္မ်ားကို ေျပာင္းလဲခ်ိတ္ဆက္အသုံးျပဳႏိုင္မည္ျဖစ္သည္။

eSIM နည္းပညာအသုံးျပဳရန္သင့္ေတာ္သည့္ စမတ္ဖုန္းမ်ားမွာ iOS 12.1 ႏွင့္အထက္ရွိေသာ iPhone XS, iPhone XS Max, iPhone XR ျဖစ္ၿပီး မၾကာေတာ့မည္အနာဂတ္တြင္ အျခားေသာစမတ္ဖုန္းမ်ား၌ ေထာက္ပံ့ သုံးစြဲသြားႏိုင္ရန္ ေမွ်ာ္လင့္ရသည္။

စမတ္ဖုန္းတြင္ physical ဆင္းကဒ္တစ္ခုႏွင့္ eSIM တစ္ခုထက္မက ထည့္သြင္းထားႏိုင္ၿပီး physical ဆင္းကဒ္ကို ဦးစားေပး (Primary) ႏွင့္ eSIM အား ဒုတိယဦးစားေပး (Secondary) အျဖစ္ အသုံးျပဳႏိုင္မည္ျဖစ္သည္။ Physical ဆင္းကဒ္ အသုံးမျပဳလိုသူမ်ားအတြက္မူ eSIM အား primary သို႔မဟုတ္ secondary ထား အသုံးျပဳႏိုင္မည္ ျဖစ္သည္။ သို႔ေသာ္လည္း eSIM ႏွစ္ခုကို တစ္ခ်ိန္တည္းၿပိဳင္တူသုံးစြဲႏိုင္မည္မဟုတ္ဘဲ တစ္ခ်ိန္လွ်င္တစ္ခုသာ အဓိကထား သုံးစြဲႏိုင္မည္ျဖစ္သည္။

ျမန္မာႏိုင္ငံဆက္သြယ္ေရးေစ်းကြက္သို႔ ေနာက္ဆုံးမွ ဝင္ေရာက္လာေသာ္လည္း အခ်ိန္တိုအတြင္း သုံံးစြဲသူ ၅သန္းခန္႔ အခိုင္အမာရရွိေနေသာ Mytel သည္ သုံးစြဲသူမ်ားအားလုံးအတြက္ ေနာက္ဆုံးေပၚနည္းပညာမ်ား၊ ဝန္ေဆာင္မႈမ်ားႏွင့္ ထုတ္ကုန္မ်ား ယူေဆာင္လာေပးေနၿပီး ျမန္မာႏိုင္ငံသူ၊ ႏိုင္ငံသားမ်ား၏ မိုဘိုင္းလ္သုံးစြဲမႈႏွင့္ ကြန္ရက္သုံးစြဲမႈအေတြ႕အႀကဳံ ေကာင္းမြန္ေစၿပီး လုပ္ေဆာင္မႈစြမ္းရည္မ်ားတိုးတက္လာေစရန္ ဆက္လက္ေဆာင္႐ြက္သြားမည္ ျဖစ္သည္။
မွတ္ခ်က္။ eSIM အေၾကာင္း အေသးစိတ္သိရွိလိုပါက https://bit.ly/2IanbWc တြင္ ဝင္ေရာက္ေလ့လာႏိုင္သည္။

[Unicode]

Mytel မှ မြန်မာနိုင်ငံအတွက် eSIM နည်းပညာကို ပထမဦးဆုံးယူဆောင်လာပေးမည်

မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံးနှင့် ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရေတာ Mytel သည် မြန်မာနိုင်ငံရှိ သုံးစွဲသူများ eSIM အသုံးပြုနိုင်စေရန် ပထမဆုံးယူဆောင်လာပေးသည့် အော်ပရေတာဖြစ်ပြီး အစမ်းရောင်းချကာလအဖြစ် ဧပြီလ ၈ရက်နေ့မှ မေလ ၇ရက်နေ့အထိ သတ်မှတ်ထားကာ eSIM ကို Mytel အရောင်းဆိုင်များတွင် ပုံမှန်ဆင်းကဒ်စျေးနှုန်း ၁၅၀၀ ကျပ်အတိုင်း ဝယ်ယူသုံးစွဲနိုင်ကြမည် ဖြစ်သည်။

Mytel နှင့် လက်တွဲပူးပေါင်းလက်တွဲလုပ်ကိုင်လျှက်ရှိပြီး နောက်ဆုံးပေါ်နည်းပညာများကို ထောက်ပံ့ပေးလျက်ရှိသော Viettel မှလည်း ဗီယက်နမ်နိုင်ငံအတွက် eSIM အစမ်းစတင်သုံးစွဲမှုကို မကြာသေးခင်ကမှ မိတ်ဆက်ပေးခဲ့သည်။ Mytel အနေဖြင့် ဆက်သွယ်ရေးလောက၏ ကြီးမားသော တီထွင်ဆန်းသစ်မှုတစ်ခုအဖြစ် အားလုံးက အသိအမှတ်ပြုကြပြီး အကြောင်းအရင်းအမျိူးမျိူးကြောင့် စမတ်ဖုန်းထုတ်လုပ်သောကုမ္ပဏီများ၊ ဆက်သွယ်ရေး အော်ပရေတာများနှင့် သုံးစွဲသူများကြား စိတ်ဝင်စားမှုများ၊ စိတ်လှုပ်ရှားမှုများဖြစ်စေသည့် နည်းပညာရေစီးကြောင်း တစ်ခုဖြစ်သော eSIM ကို မြန်မာနိုင်ငံရှိ သုံးစွဲသူများကိုလည်း စမ်းသပ်အသုံးပြုစေလိုခြင်း ဖြစ်သည်။

Mytel ၏ ပြင်ပဆက်ဆံရေးအမှုဆောင်အရာရှိချူပ်ဖြစ်သူ ဦးဇော်မင်းဦးမှ eSIM နည်းပညာယူဆောင်လာခြင်းနှင့် ပတ်သက်ပြီး ယခုလိုပြောပြခဲ့သည်။ “ Mytel အနေနဲ့ မြန်မာနိုင်ငံက သုံးစွဲသူတွေအတွက် eSIM နည်းပညာကို အစမ်းစတင်သုံးစွဲကြည့်နိုင်ကြဖို့ မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ အခြားအော်ပရေတာတွေနဲ့ မတူပဲ နည်းပညာသစ်၊ တီထွင်ဆန်းသစ်မှု အသစ်တွေကို သုံးစွဲသူတွေဆီ အမြဲတမ်းရှေ့ကဦးဆောင် ထောက်ပံ့ပေးနိုင်တဲ့ အတွက်လည်း Mytel က အရမ်းဂုဏ်ယူမိပါတယ်။”

eSIM သည် စမတ်ဖုန်းများတွင် ထည့်သွင်းမြှပ်နှံထားသည့် အီလက်ထရောနစ်ဆင်းကဒ်ဖြစ်ပြီး မိမိ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် အသုံးပြုနေသောကွန်ရက်ဆိုင်ရာဒေတာများကို Physical ဆင်းကဒ်မလိုဘဲ သိမ်းဆည်းအတည်ပြုနိုင်သည့် ဒစ်ဂျစ်တယ်ဆင်းကဒ်စနစ်လည်း ဖြစ်သည်။ သို့ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးသုံးဖြစ်စေ၊ ကိုယ်ရေးကိုယ်တာအတွက်ဖြစ်စေ အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်မည်ဖြစ်သည်။ ဖုန်းနံပါတ်တစ်ခုထက်ပို၍ ကိုင်ဆောင်ထားသော သုံးစွဲသူများအတွက်လည်း ဆင်းကဒ်ထည့်သွင်းရန်နေရာ (Sim Card Slot) အတွက် ကြောင့်ကြရမှုနှင့် Physical ဆင်းကဒ်ပျောက်ဆုံးမှု၊ ပျက်စီးမှုများ မရှိတော့သည့်အတွက် ကွန်ရက်အသုံးပြုရာတွင် အကောင်းမွန်ဆုံးအတွေ့အကြုံကို ခံစားရရှိနိုင်ကြမည်ဖြစ်သည်။

နိုင်ငံရပ်ခြားသို့ ခရီးမကြာခဏသွားရောက်လေ့ရှိသည့် ခရီးသွားများသည် Roaming သီးသန့် eSIM ထည့်သွင်းထားနိုင်ခြင်းကြောင့် ၄င်းတို့၏ လက်ရှိအသုံးပြုနေသော ဆင်းကဒ်ကို ထုတ်ခြင်း၊ သွားရောက်သောနိုင်ငံရှိ ကွန်ရက်မှ ဆင်းကဒ်များကို ပြန်လည်ဝယ်ယူအသုံးပြုရခြင်းစသည့် အခက်အခဲများကို နည်းပါးစေသောကြောင့်လည်း eSIM သည် ခရီးသွားများအတွက် အလွန်အဆင်ပြေစေသည်။ Mytel eSIM အသုံးပြုသူများအနေဖြင့် မကာအို၊ အင်ဒိုနီးရှား၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ကနေဒါနှင့် အခြားသော နိုင်ငံပေါင်း ၁၂နိုင်ငံရှိ eSIM နည်းပညာထောက်ပံ့သော ဆက်သွယ်ရေးကွန်ရက်များကို ပြောင်းလဲချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။

eSIM နည်းပညာအသုံးပြုရန်သင့်တော်သည့် စမတ်ဖုန်းများမှာ iOS 12.1 နှင့်အထက်ရှိသော iPhone XS, iPhone XS Max, iPhone XR ဖြစ်ပြီး မကြာတော့မည်အနာဂတ်တွင် အခြားသောစမတ်ဖုန်းများ၌ ထောက်ပံ့ သုံးစွဲသွားနိုင်ရန် မျှော်လင့်ရသည်။

စမတ်ဖုန်းတွင် physical ဆင်းကဒ်တစ်ခုနှင့် eSIM တစ်ခုထက်မက ထည့်သွင်းထားနိုင်ပြီး physical ဆင်းကဒ်ကို ဦးစားပေး (Primary) နှင့် eSIM အား ဒုတိယဦးစားပေး (Secondary) အဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။ Physical ဆင်းကဒ် အသုံးမပြုလိုသူများအတွက်မူ eSIM အား primary သို့မဟုတ် secondary ထား အသုံးပြုနိုင်မည် ဖြစ်သည်။ သို့သော်လည်း eSIM နှစ်ခုကို တစ်ချိန်တည်းပြိုင်တူသုံးစွဲနိုင်မည်မဟုတ်ဘဲ တစ်ချိန်လျှင်တစ်ခုသာ အဓိကထား သုံးစွဲနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံဆက်သွယ်ရေးစျေးကွက်သို့ နောက်ဆုံးမှ ဝင်ရောက်လာသော်လည်း အချိန်တိုအတွင်း သုံံးစွဲသူ ၅သန်းခန့် အခိုင်အမာရရှိနေသော Mytel သည် သုံးစွဲသူများအားလုံးအတွက် နောက်ဆုံးပေါ်နည်းပညာများ၊ ဝန်ဆောင်မှုများနှင့် ထုတ်ကုန်များ ယူဆောင်လာပေးနေပြီး မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ မိုဘိုင်းလ်သုံးစွဲမှုနှင့် ကွန်ရက်သုံးစွဲမှုအတွေ့အကြုံ ကောင်းမွန်စေပြီး လုပ်ဆောင်မှုစွမ်းရည်များတိုးတက်လာစေရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။
မှတ်ချက်။ eSIM အကြောင်း အသေးစိတ်သိရှိလိုပါက https://bit.ly/2IanbWc တွင် ဝင်ရောက်လေ့လာနိုင်သည်။