[Zawgyi]






[Unicode]

MytelPay မှ စိတ်လှုပ်ရှားဖွယ် အပတ်စဉ် လစဉ် ဆုကြေးများ ပါဝင်သည့် ကံစမ်းမဲအစီအစဉ်အား မိတ်ဆက်

မြန်မာနိုင်ငံ၏ အဆင်ပြေအလွယ်ကူဆုံး နှင့် လုံခြုံစိတ်အချရဆုံး မိုဘိုင်းလ်ငွေလွှဲ ဝန်ဆောင်မှု တစ်ခုဖြစ်သော MytelPay မှ ၎င်း ၏ သုံးစွဲသူများအတွက် အပတ်စဉ်ဆုကြေး (၅၀၀၀၀ ကျပ်၊ ၁၀၀၀၀၀ ကျပ်၊ ၂၀၀၀၀၀ ကျပ်) နှင့် လစဉ်အထူးဆု ငွေကျပ် (၁၀) သိန်း အထိ ကံထူးနိုင်မည့် တစ်နိုင်ငံလုံး ပါဝင်ဆင်နွှဲနိုင်သော “မိုးရွာတုန်းငွေခံ” ကံစမ်းမဲအစီအစဉ်ကြီး အား စတင်လိုက်ပြီဖြစ်ပါသည်။ ကံစမ်းမဲ ကာလမှာ စက်တင်ဘာလ ၁ ရက်နေ့ မှ နိုဝင်ဘာလ ၃၀ ရက်နေ့ အထိဖြစ်ပါသည်။

ဆုကြေးငွေများ အားလုံးကို ဆုငွေအနေဖြင့် သုံးစွဲသူများ၏ MytelPay လက်ကျန်ငွေအဖြစ် ပေးအပ်သွားမည် ဖြစ်သည်။ ငွေလွှဲမှုပြုလုပ်တိုင်း ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်မည့် ကုတ်တစ်ခု ရရှိမည်ဖြစ်ပါသည်။ ကံစမ်းမဲပေါက်သူများ ကို ကျပန်းရွေးချယ်သွားမည်ဖြစ်ပြီး ကံထူးသူများအား အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် ကြေငြာပေးသွားမည်ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ အမာခံ ပရိသတ်တွေရဲ့ ကျေးဇူးကြောင့် MytelPay ကို စတင်မိတ်ဆက်ပြီးတဲ့ အချိန်ကနေစပြီး များစွာသော အောင်မြင်မှုတွေကို ရရှိခဲ့ပါတယ်။ အခု “မိုးရွာတုန်းငွေခံ” ဆိုတဲ့ အစီအစဉ်ကြီးကလည်း MytelPay သုံးစွဲသူတွေကို အံ့အားသင့်ဖွယ် ဆုကြေးငွေများ ချီးမြှင့်ပေးသွားမှာပဲဖြစ်ပါတယ်။ ခုလိုအချိန်အခါသမယမှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အတွက် ကိုယ့်ထက်ကြီးတဲ့ လူကြီးမိဘတွေကို ဂါရဝပြုတဲ့အချိန် လှူဒါန်းကြတဲ့အချိန်ဖြစ်တာကြောင့် MytelPay က စိတ်ချယုံကြည်ရပြီး အဆင်ပြေလွယ်ကူတဲ့ ငွေလွှဲလို့ ငွေလက်ခံလို့ရမယ့် နည်းလမ်းတစ်ခုဖြစ်လာမှာပါ” ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦး မှ ပြောကြားခဲ့ပါသည်။

လစဉ်လတိုင်းတွင် ငွေကျပ် (၁၀) သိန်း ထိ ကံထူးနိုင်မည့် အထူးဆု တစ်ဆု ပါဝင်မည်ဖြစ်ပြီး ဆုကြေးငွေအား ကံထူးသူ၏ MytelPay လက်ကျန်ငွေ အဖြစ်ပြောင်းလဲပေးမည်ဖြစ်သည်။ အပတ်စဉ်ကံထူးနိုင်မည့် ဆု (၁၀) ဆု လည်း ဖော်ပြပါ ဇယားအတိုင်း ပါဝင်ပါသည်။

MytelPay ကို ယခုနှစ် ဇွန်လတွင် စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး တစ်နိုင်ငံလုံးရှိ အသုံးပြုသူများကို ဝန်ဆောင်မှုပေးနိုင်ရန် အရောင်းကိုယ်စားလှယ်ပေါင်း ၂၀,၀၀၀ ကျော် နှင့် စတင်ခဲ့ပါသည်။ MytelPay ကို မည်သည့် မိုဘိုင်းကွန်ရက် အသုံးပြုသူမဆို အသုံးပြုနိုင်မည်ဖြစ်သည်။ MytelPay အသုံးပြုသူများသည် မည်သည့် အော်ပရေတာကိုမဆို ဖုန်းဘေလ်ဖြည့်နိုင်ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင်လည်း MytelPay Application ကို အသုံးပြုကာ ဘေလ်ပေးဆောင်ခြင်းများ၊ iTunes ကတ်၊ Game ကတ်များဝယ်ယူနိုင်ခြင်းတို့အပြင် online shopping များအတွက် ငွေပေးချေမှုများလည်း ပြုလုပ်နိုင်မည်ဖြစ်ပါသည်။