Netflix ဟာ လက်ရှိအချိန်မှာ အသုံးပြုသူအများဆုံးဖြစ်နေသေးတဲ့ Streaming Platform တစ်ခုဆိုရင်လည်း မမှားပါဘူး။ မကြာသေးခင်တုန်းက တကမ္ဘာလုံးမှာ အောင်မြင်ခဲ့တဲ့ Squid Games လိုမျိုး Series တွေအပြင် တခြားသော အောင်မြင်တဲ့ ရုပ်ရှင်တွေ၊ ဇတ်လမ်းတွေကို အခုနောက်ပိုင်းမှာ ဆက်တိုက်ကို ထုတ်လုပ်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် Netflix ဟာ ရုပ်ရှင် Streaming ပိုင်းကိုပဲ ဆောင်ရွက်နေမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် Netflix ဟာ Gaming ပိုင်းကိုပါ ဝင်ရောက်လာဖို့ အစီအစဥ်ရှိနေပြီးတော့ Cloud Gaming အစား လောလောဆယ်မှာ အောင်မြင်တဲ့ ရုပ်ရှင်၊ Series တွေကိုပဲ ဂိမ်းအနေနဲ့ ထုတ်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းတုန်းက Netflix Games တွေကို Poland မှာ စတင်စမ်းသပ်ခဲ့ပြီး အခုအချိန်မှာတော့ Netflix ကနေ အဆိုပါ Netflix Games ကို ယခုအပါတ်အတွင်းမှာ Android ဖုန်းအသုံးပြုသူအားလုံးအတွက် ထုတ်ပေးတော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါကြောင့် Netflix ကို ဝယ်ယူအသုံးပြုထားတယ်ဆိုရင် Netflix Games တွေကိုပါ ဆော့ကစားနိုင်တော့မှာပါ။

လောလောဆယ်မှာတော့ Netflix Games တွေထဲမှာ Stranger Things: 1984 ၊ Stranger Things 3: The Game ၊ Shooting Hoops ၊ Card Blast နဲ့ Teeter Up ဆိုတဲ့ ဂိမ်း ၅ မျိုးကိုပဲ ဆော့ကစားနိုင်ဦးမှာဖြစ်ပါတယ်။ အဆိုပါ Game တွေအတွက် Coming Soon လိုမျိုး Games Tab သီးသန့်ပါဝင်လာမှာဖြစ်ပါတယ်။

Netflix ရဲ့ ပြောကြားချက်အရတော့ လောလောဆယ်မှာ Android အသုံးပြုသူတွေပဲ အရင်ဆုံးဆော့ကစားနိုင်ဦးမှာဖြစ်ပြီး iOS Device တွေအတွက် ဘယ်အချိန်ရရှိမလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

Ref – Droid Life