Apple ဟာ ယခုနှစ်ကုန်ပိုင်းမှာ Mac ကွန်ပျူတာတွေအတွက် Major Software Update ဖြစ်တဲ့ macOS Big Sur ကို ထုတ်ပေးသွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Update မှာ YouTube နဲ့ Netflix လိုမျိုး Streaming Service တွေကို 4K HDR အထိ Streaming Support ပေးသွားမယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း အခုလိုမျိုး Netflix ကို 4K HDR အထိ Streaming ပြုလုပ်နိုင်ဖို့အတွက် macOS Big Sur Update အပြင် Mac ကွန်ပျူတာတွေမှာ T2 Security Chip ပါ လိုအပ်မယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ၂၀၁၈ နောက်ပိုင်းထွက်ရှိထားတဲ့ Mac ကွန်ပျူတာတွေပဲ Netflix ကို 4K HDR အထိ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

အဆိုပါ Mac ကွန်ပျူတာတွေကတော့ 2018 or later MacBook Pro ၊ 2018 or later MacBook Air ၊ 2018 Mac Mini ၊ 2019 Mac Pro ၊ iMac Pro နဲ့ 2020 iMac တွေပဲဖြစ်ပါတယ်။ အခုလိုမျိုး T2 Security Chip ကို လိုအပ်တာကလည်း HEVC Encoded Video တွေကို T2 Chip ကနေ Process လုပ်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Safari Browser ကနေပဲ 4K HDR Video Playback ကို Support ပြုလုပ်နိုင်မှာပါ။

macOS Big Sur ဟာ လက်ရှိ macOS Update တွေထဲမှာ အပြင်ပန်း Design ပိုင်းအကြီးမားဆုံး ပြောင်းလဲလာမယ့် Update တစ်ခုဖြစ်ပြီး Widget တွေအပြင် အသုံးပြုရတဲ့ User Interface ပိုင်းမှာလည်း iOS နဲ့ ပိုပြီး ဆင်တူလာမှာဖြစ်ပါတယ်။

Ref – Engadget