ေရြးခ်ယ္ႏုိင္မယ့္ ကာလာေတြ ထြက္ေပၚလာတဲ့ Galaxy J2 Core

ကိုရီးယားအေျခစုိက္ မုိဘုိင္းထုတ္လုပ္သူ ဆမ္ေဆာင္းရဲ႕ Galaxy J2 Core စမတ္ဖုန္းေတြဟာ ေစ်းႏႈန္းခ်ဳိသာမႈကို အာရုံစုိက္ထုတ္လုပ္လာမယ့္ ဖုန္းအသစ္ျဖစ္ျပီး ဆမ္ေဆာင္းက ထုတ္လုပ္တဲ့ ပထမဆုံး Android Go အသုံးျပဳ စမတ္ဖုန္းလည္း ျဖစ္ပါတယ္။

ေစ်းႏႈန္းခ်ဳိသာမႈကို အဓိကထားထုတ္လုပ္တာ ျဖစ္တဲ့အတြက္ သူ႕ရဲ႕ Spec ေတြက စိတ္လႈပ္ရွားစရာ အရမ္းမေကာင္းေပမယ့္ ပုံမွာ ျမင္ေတြ႕ရတဲ့အတုိင္း ေတာက္ပတဲ့ ကာလာငါးမ်ဳိးမွ စိတ္ၾကိဳက္ေရြးယူ သုံးစြဲႏုိင္မွာပါ။ သူ႕ရဲ႕ Manual ကလည္း အြန္လုိင္းမွာ ေပါက္ၾကားခဲ့ျပီး ေနာက္ပုိင္းစမတ္ဖုန္းေတြမွာ ေတြ႕ရခဲတဲ့ ဒီဇုိင္းတစ္ခု ျဖစ္တဲ့ ေနာက္ေက်ာဖုံးကို ျဖဳတ္ျပီး ဘတၳရီကို ျဖဳတ္လုိ႔ တပ္လို႔ရတဲ့ ပုံစံျဖစ္ေနတာကို ေတြ႕ရပါတယ္။

Android Go စက္ႏွင္စနစ္ဟာ Android Oreo ကိုအေျခခံထားတဲ့ မုိဘုိင္း OS ျဖစ္ကာ RAM မန္မုိရီ 512 MB မွ 1 GB အတြင္းသာ ပါဝင္တဲ့ စမတ္ဖုန္းေတြအတြက္ ရည္ရြယ္ထုတ္လုပ္ထားတာပါ။ သူ႕ရဲ႕ ေရွ႕က ထြက္ရွိခဲ့တဲ့ Android Nougat ရဲ႕ ပမာဏတစ္ဝက္ေလာက္သာ ေနရာယူျပီး ဖုန္းရဲ႕ Storage ကိုလည္း အေထာက္အကူေပးပါတယ္။

App ေတြကို ဖြင့္တဲ့အခါ ၁၅ ရာခုိင္ႏႈန္း ပိုျမန္တယ္လို႔ ဆုိျပီး သုံးစြဲသူေတြအတြက္ မုိဘုိင္းေဒတာ ကုန္က်မႈ ကိုေလ်ာ့ခ်ေပးမယ့္ လုပ္ေဆာင္ခ်က္လည္း ပါဝင္တယ္။ Galaxy J2 Core ဟာ အထက္မွာ ေျပာခဲ့သလို ဆမ္ေဆာင္းရဲ႕ ပထမဆုံး Android Go အသုံးျပဳ စမတ္ဖုန္းျဖစ္ျပီး ဆမ္ေဆာင္း UI နဲ႔ App ေတြ ျဖည့္စြက္ထားတဲ့ ပုံစံနဲ႔ လာမယ့္ စက္တင္ဘာလမွာ ထြက္လာမွာပါ။

Ref – GSMArena

Unicode

ရွေးချယ်နိုင်မယ့် ကာလာတွေ ထွက်ပေါ်လာတဲ့ Galaxy J2 Core

ကိုရီးယားအခြေစိုက် မိုဘိုင်းထုတ်လုပ်သူ ဆမ်ဆောင်းရဲ့ Galaxy J2 Core စမတ်ဖုန်းတွေဟာ ဈေးနှုန်းချိုသာမှုကို အာရုံစိုက်ထုတ်လုပ်လာမယ့် ဖုန်းအသစ်ဖြစ်ပြီး ဆမ်ဆောင်းက ထုတ်လုပ်တဲ့ ပထမဆုံး Android Go အသုံးပြု စမတ်ဖုန်းလည်း ဖြစ်ပါတယ်။

ဈေးနှုန်းချိုသာမှုကို အဓိကထားထုတ်လုပ်တာ ဖြစ်တဲ့အတွက် သူ့ရဲ့ Spec တွေက စိတ်လှုပ်ရှားစရာ အရမ်းမကောင်းပေမယ့် ပုံမှာ မြင်တွေ့ရတဲ့အတိုင်း တောက်ပတဲ့ ကာလာငါးမျိုးမှ စိတ်ကြိုက်ရွေးယူ သုံးစွဲနိုင်မှာပါ။ သူ့ရဲ့ Manual ကလည်း အွန်လိုင်းမှာ ပေါက်ကြားခဲ့ပြီး နောက်ပိုင်းစမတ်ဖုန်းတွေမှာ တွေ့ရခဲတဲ့ ဒီဇိုင်းတစ်ခု ဖြစ်တဲ့ နောက်ကျောဖုံးကို ဖြုတ်ပြီး ဘတ္ထရီကို ဖြုတ်လို့ တပ်လို့ရတဲ့ ပုံစံဖြစ်နေတာကို တွေ့ရပါတယ်။

Android Go စက်နှင်စနစ်ဟာ Android Oreo ကိုအခြေခံထားတဲ့ မိုဘိုင်း OS ဖြစ်ကာ RAM မန်မိုရီ 512 MB မှ 1 GB အတွင်းသာ ပါဝင်တဲ့ စမတ်ဖုန်းတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာပါ။ သူ့ရဲ့ ရှေ့က ထွက်ရှိခဲ့တဲ့ Android Nougat ရဲ့ ပမာဏတစ်ဝက်လောက်သာ နေရာယူပြီး ဖုန်းရဲ့ Storage ကိုလည်း အထောက်အကူပေးပါတယ်။

App တွေကို ဖွင့်တဲ့အခါ ၁၅ ရာခိုင်နှုန်း ပိုမြန်တယ်လို့ ဆိုပြီး သုံးစွဲသူတွေအတွက် မိုဘိုင်းဒေတာ ကုန်ကျမှု ကိုလျော့ချပေးမယ့် လုပ်ဆောင်ချက်လည်း ပါဝင်တယ်။ Galaxy J2 Core ဟာ အထက်မှာ ပြောခဲ့သလို ဆမ်ဆောင်းရဲ့ ပထမဆုံး Android Go အသုံးပြု စမတ်ဖုန်းဖြစ်ပြီး ဆမ်ဆောင်း UI နဲ့ App တွေ ဖြည့်စွက်ထားတဲ့ ပုံစံနဲ့ လာမယ့် စက်တင်ဘာလမှာ ထွက်လာမှာပါ။