Unicode

V30 နဲ့ V30 Pro တို့ကို မိတ်ဆက်ခဲ့ပြီးတဲ့နောက်မှာလည်း Honor ဟာ မရပ်တန့်သေးဘဲ V30 မိသားစုဝင် တစ်ယောက်ကို ထပ်မံပွဲထုတ်လာဦးမယ့် ပုံပါပဲ။ အနည်းဆုံးတော့ ဒီဇိုင်းချင်းဆင်တူနေတဲ့ ဟန်းဆက်တစ်ခုဟာ မော်ဒယ်နံပါတ် MOA-AL00 / MOA-TL00 အနေနဲ့ အွန်လိုင်းပေါ်ရောက်လာခဲ့ကာ MIT အပါအဝင် အတည်ပြုချက်အချို့ကို ရယူခဲ့ပါတယ်။

MOA-AL00 ဟာ V30 နဲ့ဆင်တူတဲ့ နောက်ဘက်ကင်မရာဒီဇိုင်းကို သယ်ဆောင်လာပေမယ့် သေသေချာချာ ကြည့်လိုက်ရင်တော့ အလယ်က Module ဟာ LED Flash ဖြစ်ပုံရတာကြောင့် Honor ဟာ ဒီဟန်းဆက်ကိုတော့ Triple-camera အတွဲ အပြည့်အဝယူဆောင်လာဖို့ ရည်ရွယ်ထားပုံမရပါဘူး။

နောက်ထပ် ဒီပုံတွေကနေ သိနိုင်တာတစ်ခုက Display ပေါ်မှာ V30 နဲ့ V30 Pro တုန်းကလို ကျယ်ပြန့်တဲ့ Punch-hole အစား Water-drop Notch ကို ပြန်သုံးလာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ရှေ့ဘက်ကင်မရာကိုလည်း ဝိတ်လျှော့ထားတယ် လို့ဆိုရမှာပါ။

V30 ဟန်းဆက်နှစ်လုံးမှာလို Power Button ပေါ်မှာ Fingerprint ပါလာမှာမဟုတ်ဘဲ နောက်ဘက်မှာလည်း Fingerprint မတွေ့ရတာကြောင့် In-display ထည့်လာမလားလို့တော့ တွေးစရာဖြစ်ပါတယ်။ တကယ်ဆိုရင်တော့ Display ဟာ OLED အမျိုးအစားဖြစ်လာမှာပါ။ မဟုတ်ရင်တော့ လုံးဝချန်ထားခဲ့တာပဲ ဖြစ်ပါလိမ့်မယ်။

MOA-AL00 ရဲ့ MIT အတည်ပြုချက်ကတော့ ဒီဖုန်းမှာ 6.3” လက်မ Display တစ်ခုနဲ့ 4,900 mAh ဘက္ထရီ တစ်ခုပါဝင်မယ်လို့ ဖော်ပြထားပါတယ်။ ကိုယ်ထည်အချိုးက 159.07 x 74.06 x 9.04mm ဖြစ်ပြီး 10W အားသွင်းကြိုး တစ်ခုလည်း ပါဝင်မယ်လို့ ဆိုထားပါတယ်။

Ref – GSM Arena

Zawgyi






Ref – GSM Arena