[Zawgyi]

Honor ဟာ စက္တင္ဘာလရဲ႕ ေနာက္ဆုံးရက္မွာ ကုမၸဏီရဲ႕ ထုတ္ကုန္သစ္ျဖစ္တဲ့ V30 အေၾကာင္း သတင္းအစအနကို ထုတ္ျပသြားခဲ့ပါတယ္။ ဒါတင္ပဲလားဆိုေတာ့ မဟုတ္ေသးပါဘူး။ Note လိုင္းထဲမွာလည္း ဟန္းဆက္သစ္ ထုတ္လာဦးမယ္ဆိုတဲ့အေၾကာင္း ေပၚေပါက္လာပါတယ္။

Honor ရဲ႕ လာမယ့္ Note ဟန္းဆက္သစ္ဟာ ေမာ္ဒယ္နံပါတ္ LRA-AL00 နဲ႔အတူ တ႐ုတ္ရဲ႕ CCC ေအဂ်င္စီမွာ အသိအမွတ္ျပဳျခင္းခံခဲ့ရတာကို ေတြ႕ျမင္ခဲ့ၾကရတာပါ။ အေျခအေနအရပ္ရပ္ကို ခ်င့္ခ်ိန္သုံးသပ္ၾကည့္ရင္ေတာ့ ဒီဟန္းဆက္ဟာ Honor Note 10 ကို ဆက္ခံမယ့္ ဟန္းဆက္ျဖစ္မွာ ေသခ်ာသေလာက္ပါပဲ။

မိခင္ကုမၸဏီႀကီးရဲ႕ Huawei Flagship ေတြက ထြက္လာၿပီးၿပီဆိုေတာ့ Honor ရဲ႕ Flagship ေတြကိုလည္း လာမယ့္လကုန္ရက္ေတြမွာ ေတြ႕ျမင္လာရဖြယ္ ရွိေနတာပဲ ျဖစ္ပါတယ္။ Tipster ေတြကေတာ့ ေအာက္တိုဘာလကုန္ပိုင္းေလာက္မွာက်င္းပမယ့္ Honor ရဲ႕ Event မွာ Honor Vera 30 (V30) အျပင္ Mid-range Honor Note Series ဟန္းဆက္ကိုလည္း တစ္ပါတည္း ျမင္ေတြ႕ရမယ္လို႔ ေဖာ္ျပေနၾကပါတယ္။

CCC certification အရ Honor Note အသစ္ဟာ 20W charger နဲ႔ျဖစ္မယ္လို႔ သိရပါတယ္။ တ႐ုတ္က Tipster တစ္ဦးကေတာ့ ဒီဟန္းဆက္ဟာ Kirin 810 chipset ကို အသုံးျပဳထားၿပီး အဓိက ကင္မရာဟာ 64MP ျဖစ္လိမ့္မယ္လို႔ အခိုင္အမာ ေျပာဆိုထားပါတယ္။ က်န္တဲ့အေသးစိတ္အခ်က္အလက္ေတြသိဖို႔ကေတာ့ ထပ္ၿပီးသတင္းေပါက္ၾကားလာမယ့္အခ်ိန္ကိုပဲ ေစာင့္ရေတာ့မွာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

တရုတ်မှာ Certified ရသွားပြီဖြစ်တဲ့ Honor Note ဟန်းဆက်သစ်

Honor ဟာ စက်တင်ဘာလရဲ့ နောက်ဆုံးရက်မှာ ကုမ္ပဏီရဲ့ ထုတ်ကုန်သစ်ဖြစ်တဲ့ V30 အကြောင်း သတင်းအစအနကို ထုတ်ပြသွားခဲ့ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ Note လိုင်းထဲမှာလည်း ဟန်းဆက်သစ် ထုတ်လာဦးမယ်ဆိုတဲ့အကြောင်း ပေါ်ပေါက်လာပါတယ်။

Honor ရဲ့ လာမယ့် Note ဟန်းဆက်သစ်ဟာ မော်ဒယ်နံပါတ် LRA-AL00 နဲ့အတူ တရုတ်ရဲ့ CCC အေဂျင်စီမှာ အသိအမှတ်ပြုခြင်းခံခဲ့ရတာကို တွေ့မြင်ခဲ့ကြရတာပါ။ အခြေအနေအရပ်ရပ်ကို ချင့်ချိန်သုံးသပ်ကြည့်ရင်တော့ ဒီဟန်းဆက်ဟာ Honor Note 10 ကို ဆက်ခံမယ့် ဟန်းဆက်ဖြစ်မှာ သေချာသလောက်ပါပဲ။

မိခင်ကုမ္ပဏီကြီးရဲ့ Huawei Flagship တွေက ထွက်လာပြီးပြီဆိုတော့ Honor ရဲ့ Flagship တွေကိုလည်း လာမယ့်လကုန်ရက်တွေမှာ တွေ့မြင်လာရဖွယ် ရှိနေတာပဲ ဖြစ်ပါတယ်။ Tipster တွေကတော့ အောက်တိုဘာလကုန်ပိုင်းလောက်မှာကျင်းပမယ့် Honor ရဲ့ Event မှာ Honor Vera 30 (V30) အပြင် Mid-range Honor Note Series ဟန်းဆက်ကိုလည်း တစ်ပါတည်း မြင်တွေ့ရမယ်လို့ ဖော်ပြနေကြပါတယ်။

CCC certification အရ Honor Note အသစ်ဟာ 20W charger နဲ့ဖြစ်မယ်လို့ သိရပါတယ်။ တရုတ်က Tipster တစ်ဦးကတော့ ဒီဟန်းဆက်ဟာ Kirin 810 chipset ကို အသုံးပြုထားပြီး အဓိက ကင်မရာဟာ 64MP ဖြစ်လိမ့်မယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။ ကျန်တဲ့အသေးစိတ်အချက်အလက်တွေသိဖို့ကတော့ ထပ်ပြီးသတင်းပေါက်ကြားလာမယ့်အချိန်ကိုပဲ စောင့်ရတော့မှာ ဖြစ်ပါတယ်။

Ref: GSM Arena