[Zawgyi]

HTC ဟာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလတုန္းက အနာဂတ္မဟာဗ်ဴဟာအျဖစ္ Flagship နဲ႔ Mid-range ဖုန္းေတြ ထုတ္လုပ္သြားဖို႔ အာ႐ုံစိုက္မယ္လို႔ ေျပာခဲ့ဖူးပါတယ္။ ဒီႏွစ္မွာေတာ့ ထိုင္ဝမ္ကုမၸဏီႀကီးရဲ႕ Mid-range ဖုန္းတစ္လုံးက Geekbench မွာေပၚေပါက္လာၿပီ ျဖစ္ပါတယ္။

Geekbench မွာေတြ႕ရတာကေတာ့ ေမာ္ဒယ္နံပါတ္ 2Q7A100 နဲ႔ ျဖစ္ပါတယ္။ ဒီဖုန္းဟာ Qualcomm ရဲ႕ Snapdragon 710 ကို အသုံးျပဳထားတာလည္း ျဖစ္ပါတယ္။ ဧၿပီလဆန္းတုန္းက ေၾကညာသြားတဲ့ Snapdragon 730 ကို မသုံးစြဲထားေပမယ့္ Snapdragon 710 ကလည္း Mid-range ဖုန္းတစ္လုံးအတြက္ အေတာ္ေလးကို ေကာင္းမြန္တဲ့ ေ႐ြးခ်ယ္မႈလို႔ ဆိုရမွာပါ။

HTC ရဲ႕ ဒီစမတ္ဖုန္းဟာ Snapdragon 710 ကို မန္မိုရီ 6GB နဲ႔တြဲဖက္ထားတာကလည္း Mid-range ဖုန္းတစ္လုံးအတြက္ အေတာ္ေလးကို အားရစရာလို႔ ဆိုရမွာပါ။ Android 9 Pie နဲ႔ျဖစ္မယ္လို႔ ေမွ်ာ္လင့္ရတဲ့ ဒီစမတ္ဖုန္းကို ဘယ္အခ်ိန္မွာ ေဈးကြက္ထဲ မိတ္ဆက္မယ္ဆိုတာ မသိရေပမယ့္ အနည္းငယ္ေတာ့ အခ်ိန္ေစာင့္ဆိုင္းရဦးဖြယ္ ရွိပါတယ္။

ဒါ့အျပင္ HTC ရဲ႕ ဒီ Mid-range ဖုန္းနဲ႔ပတ္သက္ၿပီး အျခားအခ်က္အလက္ေတြ၊ အမည္ စတာေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေပါက္ၾကားမႈမေတြ႕ရေသးပါဘူး။ ဘာပဲျဖစ္ျဖစ္ ၿပီးခဲ့တဲ့ ၂၀၁၈ စက္တင္ဘာတုန္းက ထုတ္ခဲ့တဲ့ Mid-range ဖုန္းတစ္လုံးျဖစ္တဲ့ HTC U12 life ထက္ေတာ့ ပိုေကာင္းလာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: GSMArena

[Unicode]

Snapdragon 710 နဲ့ Geekbench မှာတွေ့ရတဲ့ HTC ရဲ့ Mid-Range ဖုန်းအသစ်က ဘာဖြစ်မလဲ

HTC ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက အနာဂတ်မဟာဗျူဟာအဖြစ် Flagship နဲ့ Mid-range ဖုန်းတွေ ထုတ်လုပ်သွားဖို့ အာရုံစိုက်မယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒီနှစ်မှာတော့ ထိုင်ဝမ်ကုမ္ပဏီကြီးရဲ့ Mid-range ဖုန်းတစ်လုံးက Geekbench မှာပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။

Geekbench မှာတွေ့ရတာကတော့ မော်ဒယ်နံပါတ် 2Q7A100 နဲ့ ဖြစ်ပါတယ်။ ဒီဖုန်းဟာ Qualcomm ရဲ့ Snapdragon 710 ကို အသုံးပြုထားတာလည်း ဖြစ်ပါတယ်။ ဧပြီလဆန်းတုန်းက ကြေညာသွားတဲ့ Snapdragon 730 ကို မသုံးစွဲထားပေမယ့် Snapdragon 710 ကလည်း Mid-range ဖုန်းတစ်လုံးအတွက် အတော်လေးကို ကောင်းမွန်တဲ့ ရွေးချယ်မှုလို့ ဆိုရမှာပါ။

HTC ရဲ့ ဒီစမတ်ဖုန်းဟာ Snapdragon 710 ကို မန်မိုရီ 6GB နဲ့တွဲဖက်ထားတာကလည်း Mid-range ဖုန်းတစ်လုံးအတွက် အတော်လေးကို အားရစရာလို့ ဆိုရမှာပါ။ Android 9 Pie နဲ့ဖြစ်မယ်လို့ မျှော်လင့်ရတဲ့ ဒီစမတ်ဖုန်းကို ဘယ်အချိန်မှာ ဈေးကွက်ထဲ မိတ်ဆက်မယ်ဆိုတာ မသိရပေမယ့် အနည်းငယ်တော့ အချိန်စောင့်ဆိုင်းရဦးဖွယ် ရှိပါတယ်။

ဒါ့အပြင် HTC ရဲ့ ဒီ Mid-range ဖုန်းနဲ့ပတ်သက်ပြီး အခြားအချက်အလက်တွေ၊ အမည် စတာတွေနဲ့ ပတ်သက်ပြီးတော့လည်း ပေါက်ကြားမှုမတွေ့ရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ ၂၀၁၈ စက်တင်ဘာတုန်းက ထုတ်ခဲ့တဲ့ Mid-range ဖုန်းတစ်လုံးဖြစ်တဲ့ HTC U12 life ထက်တော့ ပိုကောင်းလာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSMArena