Huawei P60 Series ကို မတ်လမှာ ကြေညာမယ်လို့ သတင်းထွက်နေပြီး ဒီလ အစောပိုင်းက Pro စမတ်ဖုန်းရဲ့ ပထမဆုံး Specs Sheet ထွက်ပေါ်လာပါတယ်။ အခုတော့ တရုတ်က နောက်ထပ် Leakster ၁ ယောက်က Huawei P60 Pro မှာ နောက်ဆုံးထုတ် Snapdragon 8 Gen 2 Chipset ပါလာမယ်လို့ ပြောပါတယ်။ ဒါပေမယ့် LTE ကိုပဲ ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။

New Huawei P60 Pro leaked specs suggest Snapdragon 8 Gen 2 chipset

Leakster က P60 Pro မှာ ၆.၆ လက်မ OLED မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 1440p Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားမယ်လို့ ပြောပါတယ်။ 100W Wired/50W Wireless Charging Rates တွေ အသုံးပြုနိုင်မှာဖြစ်ပြီး ဘက်ထရီ ပမာဏက 5,000mAh ဖြစ်မှာပါ။

New Huawei P60 Pro leaked specs suggest Snapdragon 8 Gen 2 chipset - GSMArena.com news

ပင်မ ကင်မရာ အနေနဲ့ 50MP Sony IMX888 Sensor ကို အသုံးပြုထားမှာ ဖြစ်ပြီး 50MP Ultrawide ၊ OmniVision OV64B Imager ပါတဲ့ 64MP Telephoto ကင်မရာတွေနဲ့ အားဖြည့်ထားမှာပါ။ အရင်ကလည်း အဲဒီ သတင်းအချက်အလက်တွေ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပြီး အခုသတင်းကြောင့် ပိုမိုခိုင်မာတိကျသွားပါတယ်။

တခြား Specs တွေထဲမှာ IP68 Rating နဲ့ HarmonyOS 3.0 တို့ ပါဝင်ပေမယ့် မေးစရာ ရှိတာက အဲဒီ စမတ်ဖုန်းကို နိုင်ငံတကာမှာ ရောင်းမလားဆိုတာနဲ့ ဈေးနှုန်း ဘယ်လောက်လဲ ဆိုတာ ဖြစ်ပါတယ်။

Ref : gsmarena