Bloomberg ရဲ့ Mark Gurman က နောက်မျိုးဆက် iPad Pro ရဲ့ သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။ သူက အဲဒီ တက်ဘလက်မှာ Apple M2 Chip ထည့်သွင်းထားမှာ ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဆောင်းရာသီမှာ ကြေညာမယ်လို့ ပြောပါတယ်။ ကြိုးမဲ့အားသွင်း စနစ်  MagSafe ထောက်ပံ့တဲ့ ပထမဆုံး Apple တက်ဘလက် ဖြစ်လာမှာပါ။

Apple iPad Pro 12.9 2021 - Notebookcheck.net External Reviews

Apple M2 Chip အသစ်မှာ အရင်မျိုးဆက် M1 Chip နဲ့ တူညီတဲ့ Octa-core CPU Architecture ကို အသုံးပြုထားမှာ ဖြစ်ပေမယ့် 4nm TSMC Process နဲ့ တည်ဆောက်ထားတဲ့အတွက် အမြန်နှုန်း ပိုကောင်းလာမှာ ဖြစ်သလို စွမ်းအင် စားသုံးမှု သက်သာလာမှာ ဖြစ်ပါတယ်။ M2 Chip မှာ 9-core နဲ့ 10-core GPU Versions တွေ ပါလာနိုင်ပြီး လက်ရှိ M1 Chip ရဲ့ 7-core နဲ့ 8-core Graphics ထက် ပိုတိုးတက်လာမှာ ဖြစ်ပါတယ်။

Buy iPad Pro - Apple

Apple ဟာ iPad Pro Series အသစ်တွေကို ကြေညာဖို့ အချိန် ၁၃ လ ကနေ ၁၆ လအတွင်း လိုအပ်လေ့ ရှိပါတယ်။ အဲဒီ အချိန်ဇယားအတိုင်း တွက်ချက်ကြည့်ရင် လက်ရှိ iPad Pro 11 နဲ့ iPad Pro 12.9 ကို ၂၀၂၁ ခုနှစ် ဧပြီလက ကြေညာခဲ့တဲ့အတွက် တက်ဘလက် အသစ်တွေကို ၂၀၂၂ ခုနှစ် ဩဂုတ်လလောက်မှာ ကြေညာနိုင်ပါတယ်။

အရင်ပေါက်ကြားသတင်းတွေအရ iPad Pro အသစ်အတွက် ၁၁ လက်မနဲ့ ၁၂.၉ လက်မ မော်ဒယ်တွေ ထုတ်လုပ်ထားမယ်လို့ ပြောပါတယ်။ ဒါ့အပြင် ၁၁ လက်မ မော်ဒယ်မှာ ကုမ္ပဏီက ၁၂.၉ လက်မ မော်ဒယ်မှာ အသုံးပြုခဲ့ဖူးတဲ့ Mini-LED Backlit မျက်နှာပြင် ပါလာမယ်လို့ သိရပါတယ်။

Apple ဟာ ဆောင်းရာသီမှာ AirPods Pro 2 True Wireless နားကြပ်ကိုပါ ကြေညာမယ်လို့ သတင်းပေါက်ကြားနေပါတယ်။

Ref : gizmochina